AA ကဖမ်းဆီးထားတဲ့ ပလက်ဝမြို့နယ်က ကျောင်းသူ ၂ ဦးရဲ့ သတင်းဘာမှမသိရသေးလို့ မိသားစုတွေ စိုးရိမ်နေ

AA ကဖမ်းဆီးထားတဲ့ ပလက်ဝမြို့နယ်က ကျောင်းသူ ၂ ဦးရဲ့ သတင်းဘာမှမသိရသေးလို့ မိသားစုတွေ စိုးရိမ်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကစလို့ AA တပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အသက်မပြည့်သေးတဲ့ ကျောင်းသူ (၂) ဦးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုထိဘာသတင်းအစအနမှ မသိရသေးလို့ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အာရက္ခတပ်တော် (AA) ဖမ်းဆီးခဲ့တဲ့ ကျောင်းသူ (၂) ဦးဟာ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ အထက်ငရှားကျေးရွာက အသက် ၁၇ နှစ်အရွယ် အွေ့နန်းဝေ နှင့် အထက်နူံးဘူးကျေးရွာက အသက် ၁၈ နှစ်အရွယ် အွေ့ဟွေ့ရီ တို့ဖြစ်တယ်လို့ သိရပါတယ်။

ဆွေမျိုးနီးစပ်သူတစ်ဦးက “သူတို့က အထက်တန်းဆက်တက်ဖို့ ရန်ကုန်ဘက်သွား ကြတာဖြစ်တယ် ရှင်းလက်ဝက AA ဂိတ်ရောက်တဲ့ချိန် သူတို့စီးလာတဲ့ စက်လှေပေါ်မှာ AA တပ်ဖွဲ့က စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတာဖြစ်တယ် အဲဒီချိန် စက်လှေပေါ်မှာလည်း တခြားသူတို့ရွာသားတွေလည်းရှိတယ် သူတို့နှစ်ယောက်ကိုပဲ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတာဖြစ်တယ် မိဘတွေကတော့ ရှင်းလက်ဝသွားလိုက် ပလက်ဝသွားလိုက်နဲ့ စုံစမ်းနေကြရတာပေါ့ ဘာလို့ဖမ်းသွားတာလည်း ဘယ်လို အခြေအနေရှိလဲ ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာတွေကစ မသိရတော့ မိဘတွေကတော့ စိတ်အရမ်းပူပြီး လိုက်စုံစမ်းနေကြရတယ် အခုထိ ဘာသတင်းအစအနမှ မရကြသေးဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ အွေ့နန်းဝေနှင့် အွေ့ဟွေ့ တို့ဟာ ရန်ကုန်မြို့ကို ကျောင်းတက်ဖို့ စက်လှေနဲ့ သွားရာ အိန္ဒိယ - မြန်မာနယ်စပ် ပလက်ဝမြို့နယ် ရှင်းလက်ဝ ကျေးရွာရှိ AA ဂိတ်မှာ စစ်ဆေးစရာရှိတယ်ဆိုပြီး ဒီဇင်ဘာလ ၁ ရက်နေ့က ခေါ်ဆောင်သွားပြီး တစ်ပတ်ကျော်ကြာတဲ့အထိ ဘာသတင်းအစအနမှ မသိရသေးဘဲ ထိန်းသိမ်းခံနေရတာလည်း ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...