စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချကြဖို့ ကရင်လူမှုအဖွဲ့အစည်းတွေ တိုက်တွန်း

စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချကြဖို့ ကရင်လူမှုအဖွဲ့အစည်းတွေ တိုက်တွန်း
Photo credit - social media
Photo credit - social media

အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘဲ ပြည်သူလူထုအများစုရဲ့ ဆန္ဒမပါဘဲ အတင်းအကြပ်လုပ်ယူတဲ့ အတုအယောင် ရွေးကောက်ပွဲကို အပြင်းအထန် ဆန့်ကျင်ရှုံ့ချတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက သဘောထား ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အာဏာသိမ်း စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက ကရင်လူမှုအဖွဲ့အစည်း စုစုပေါင်း ၂၅ ဖွဲ့က ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ခဲ့တာပါ။

အာဏာသိမ်း စစ်တပ်ဟာ ကော်သူးလေနယ်မြေဒေသအတွင်းရှိ ပြည်သူလူထုတွေကို ပစ်မှတ်ထားကာ အဆင့်မြင့် လေယာဉ်၊ ဒရုန်းနည်းပညာတွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတွေ နေ့စဉ်နဲ့အမျှ ထိခိုက်ဒဏ်ရာရရှိတာ အသက်ဆုံးရှုံးတာနဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဒီလိုပြည်သူလူထုတွေရဲ့ အခြေအနေတွေကို မျက်မြင်တွေ့ရှိနေတဲ့ကြားကပင် အချို့သော ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ ကရင်ပါတီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အကြမ်းဖက်နေတဲ့ လူသတ်တရားခံအဖွဲ့အစည်းကို တရားဝင်မှုအခွင့်အလမ်းပေးမယ့် အတုအယောင်ရွေးကောက်ပွဲကို ထောက် ခံပံ့ပိုးမယ့်အကြောင်း ထုတ်ပြန်ကြေညာမှုတွေ ကြိုးပမ်းဆောင်ရွက်နေမှုတွေအပေါ် မိမိတို့ ကရင်လူမှုအဖွဲ့အစည်းတွေက စိတ်ပျက် ဝမ်းနည်းမိကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့်စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတတဲ့ရွေးကောက် ပွဲ မဖြစ်နိုင်တဲ့အပြင် မိမိတို့ရဲ့ မဲတပြားနဲ့ အာဏာသိမ်း စစ်တပ်ကို ပိုမိုတရားဝင်မှုပေးလိုက်ပါက မြန်မာ့နိုင်ငံရေး ပဋိပက္ခပြသနာတွေဟာ ပိုမိုအဓွန့်ရှည်ကြာမြင့်သွားမှာဖြစ်သကဲ့သို့ အာဏာသိမ်းစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုလည်း အရေးယူဆောင်ရွက်နိုင်မယ့် လုပ်ဆောင်မှုတွေကိုပါ ပျက် ပြားသွားစေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဒီအတုအယောင်ရွေးကောက်ပွဲကို မိမိတို့ကရင်လူမျိုးအပါအဝင် တခြားသော တိုင်းရင်းသားလူမျိုးတွေအားလုံး အတူတကွတညီတညွတ် ဆန့်ကျင်ရှုံ့ချဖို့အရေးကြီးကြောင်း ကရင်လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာသံတမန်တွေအနေနဲ့လည်း ဒီလိုမတရားသဖြင့် အတင်းအကြပ်လုပ်ယူသော အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့နဲ့ အပြင်းအထန် ကန့်ကွက်ဆန့်ကျင်တဲ့ သဘောထားတွေ ခိုင်ခိုင်မာမာပြသဖို့ ကရင်လူမှုအဖွဲ့အစည်း ၂၅ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...
June 30, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ...