သံတောင်ကြီးမြို့ဘုရင့်နောင်တပ်မှ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဒဏ်ရာရ

သံတောင်ကြီးမြို့ဘုရင့်နောင်တပ်မှ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဒဏ်ရာရ
Photo credit - CJ
Photo credit - CJ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က မြို့အခြေစိုက် စစ်အုပ်စုဘုရင့်နောင်တပ်မှ ပစ်ခတ်သောလက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဘုရင့်နောင်တပ်က ပစ်ခတ်လိုက်သည့် ၁၂၀ မမလက်နက်ကြီးမှာ သံတောင်ကြီးမြို့ ရပ်ကွက် (၂)နှင့် ရပ်ကွက်(၃)သို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး မြို့ခံကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ ဝမ်းဗိုက်နှင့် လည်ပင်းတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရပ်ကွက်နေမြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ညဘက် အပေါ့ထသွားပြီး ပြန်လာရာကနေ လက်နက်ကြီးက အနားမှာလာကျတော့ ကျည်စတွေက သူ့ကိုသွားမှန်တာ။ ဗိုက်နဲ့လည်ပင်းမှာထိတော့ ဆေးရုံကို ညတွင်းချင်းပို့လိုက်ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်နက်ကြီးကြောင့်မြို့တွင်းရှိ နေအိမ်(၁၀)လုံးထက်မနည်း အိမ်ခေါင်မိုး၊ နံရံများ စသည့်ဖြင့် ထိမှန် ပျက်စီးသွားသလို အိမ်မွေးတိရစ္ဆာန်အချို့လည်း ထိခိုက်သေဆုံးမှုရှိကြောင်း သံတောင်ကြီးမြို့နေပြည်သူများမှ သိရသည်။

စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူထုများကို ပစ်မှတ်ထား တိုက်ခိုက်မှုမျိုးဖြစ်သဖြင့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စိုးရိမ်မှုဖြင့် နေထိုင်ရသည်ဟု ဒေသခံတို့ကဆိုသည်။

ဒေသတွင်းသတင်းအရင်းအမြစ်များ၏ပြောပြချက်အရ ယခင်ကလည်း သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင်တပ်စခန်းသည် တိုက်ပွဲမရှိသည့်တိုင်အောင် အနီးအနားကျေးရွာများသို့ လက်နက်ကြီး ခြိမ်းခြောက်ပစ်ခတ်ခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

ထို့အတူ သံတောင်ကြီး-တောင်ငူလမ်းတွင် အာဏာသိမ်းစစ်အုပ်စုချထားသည့် ဂိတ်များမှတပ်ဖွဲ့ဝင်တို့က ခရီးသွားပြည်သူများကိုစစ်ဆေးဖမ်းဆီးမှု လုပ်လေ့ရှိသလို လမ်းအဖွင့်အပိတ်ကိုလည်း မကြာခဏ အပြောင်းအလဲလုပ်နေသောကြောင့် ဒေသခံများ သွားလာရ အခက်အခဲကြုံရသည်ဟု ဆိုသည်။

July 4, 2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရှေးဟောင်းမြို့ရိုးနှင့် ကျုံးများ ပြန်လည်တူးဖော်သည့်...
ဓာတ်ပုံ - KIC
July 3, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး-မင်းလက်ပံဒေသတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး...
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)
July 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊ ...
Photo: CJ
July 1, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင်...