မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သားပြည်သူနေအိမ်တချို့ ထိခိုက်ပျက်စီး

မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သားပြည်သူနေအိမ်တချို့ ထိခိုက်ပျက်စီး

CDF - Mindat တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်းရှိ ကျေးရွာတစ်ရွာအနီးကို စစ်ကော်မရှင်တပ်က မနေ့ည နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ လေကြာင်းကနေ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူနေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ မင်းတပ်ဒေသခံ HKl Mindat ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်းက ကျေးရွာတစ်ရွာအနီးကို ဂျက်ဖိုက်တာတစ်စီးက ည ၁၀ နာရီ ၄၀ မိနစ်၊ ၄၄ မိနစ် တွေမှာ ၂ ကြိမ် ဗုံး ၄ လုံးကြဲချပြီး အကြောင်းမဲ့ လေကြာင်းတိုက်ခိုက်ခဲ့လို့ ပြည်သူနေအိမ် အချို့ ထိခိုက်ပျက်ဆီးခဲ့တယ်တယ်လို့ သိရတဲ့ကြောင်း မင်းတပ်ဒေသခံ HKl Mindat ရဲ့လူ့မှုကွန်ယက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် အခြေအနေ သိရှိရဖို့ CDF - Mindat အဖွဲ့ဘက်ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

CDF - Mindat က ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မင်းတပ်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ CDF - မင်းတပ်က နဲ့ မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေချိန် စစ်ကော်မရှင်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ ရှိနေတာလည်းဖြစ်ပါတယ်။

Most read this week

February 26, 2026
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ အိန္ဒိယ - မြန်မာ ( ပလက်ဝ...
February 25, 2026
“စစ်ကော်မရှင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ‘...
February 25, 2026
ချင်းတောင်ခြေ ၊စစ်ကိုင်းတိုင်း၊ ကလေးမြို့ – ရန်ကုန် – မန္တလေးကို ပျံသန်းပြေးဆွဲနေတဲ့...
February 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တောင်ပိုင်း မှန်တော တိုက်ပွဲမှာ...