မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သားပြည်သူနေအိမ်တချို့ ထိခိုက်ပျက်စီး

မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သားပြည်သူနေအိမ်တချို့ ထိခိုက်ပျက်စီး

CDF - Mindat တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်းရှိ ကျေးရွာတစ်ရွာအနီးကို စစ်ကော်မရှင်တပ်က မနေ့ည နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ လေကြာင်းကနေ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူနေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ မင်းတပ်ဒေသခံ HKl Mindat ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်းက ကျေးရွာတစ်ရွာအနီးကို ဂျက်ဖိုက်တာတစ်စီးက ည ၁၀ နာရီ ၄၀ မိနစ်၊ ၄၄ မိနစ် တွေမှာ ၂ ကြိမ် ဗုံး ၄ လုံးကြဲချပြီး အကြောင်းမဲ့ လေကြာင်းတိုက်ခိုက်ခဲ့လို့ ပြည်သူနေအိမ် အချို့ ထိခိုက်ပျက်ဆီးခဲ့တယ်တယ်လို့ သိရတဲ့ကြောင်း မင်းတပ်ဒေသခံ HKl Mindat ရဲ့လူ့မှုကွန်ယက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် အခြေအနေ သိရှိရဖို့ CDF - Mindat အဖွဲ့ဘက်ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

CDF - Mindat က ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မင်းတပ်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ CDF - မင်းတပ်က နဲ့ မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေချိန် စစ်ကော်မရှင်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ ရှိနေတာလည်းဖြစ်ပါတယ်။

Most read this week

January 14, 2026
မြန်မာစစ်ကော်မရှင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ၂၀၂၂...
January 14, 2026
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တစ်လအတွင်း မိုင်းကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး...
January 13, 2026
စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်...
January 12, 2026
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဏာသိမ်းစစ်ကော်မရှင်က...