ပုသိမ်နှင့် သာပေါင်းမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

ပုသိမ်နှင့် သာပေါင်းမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

ဧရာဝတီတိုင်းက အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေများကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် ထိုးစစ်ဆင်နေခြင်းကြောင့် ပုသိမ်မြို့နယ်နှင့်၊ သာပေါင်းမြို့နယ်တို့တွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်မ ၆၆ စစ်ကြောင်းသည် ဧရာဝတီတိုင်းကနေ ရခိုင်ပြည်၊ ဂွမြို့နယ်ဘက်ကို ဦးတည်၍ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း စစ်ရေးအအခြေအနေသိသူများက ပြောသည်။

ယင်းကြောင့် သာပေါင်းမြို့နယ်နှင့် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာအနီးတို့တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီတစ်ခါတော့ စစ်တပ်က ထိုးစစ်ဆင်ပြီး တိုက်ပွဲဖြစ်နေတာ။ ဒါပေမဲ့ စစ်တပ်ကပဲ အထိနာပြီး ပြန်ဆုတ်နေရတယ်လို့ သိထားပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်မှ စပြီး ယနေ့အထိ ရွှေသောင်ယံမြို့၊ မကျီးဇင်ရွာအနီးနှင့် သာပေါင်းမြို့နယ်၊ သဲဖြူရွာအနီးတို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရခိုင်ပြည်တောင်ပိုင်းက လက်လွှတ်ထားရသည့် မြို့နယ်များကို အပူတပြင်း အင်အားသုံးကာ ထိုးစစ်ဆင်နေကြောင်း ပြောဆိုကြသည်။

သို့သော် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ၏ ခုခံစစ်အပြင် တန်ပြန်ထိုးစစ်တို့ကြောင့် စစ်ကောင်စီ စစ်ကြောင်းများ အကျအဆုံးများဖြင့် တပ်သားများ ထွက်ပြေးခြင်း၊ အလင်းဝင်ခြင်းများလည်း ရှိကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

စစ်ကောင်စီသည် အမ်း-ပဒါန်းလမ်း မကွေးတိုင်း ဝင်ပေါက်၊ တောင်ကုတ်-ပန်းတောင်းလမ်း ပဲခူးတိုင်း ဝင်ပေါက်တို့မှ ရခိုင်ပြည်အတွင်း ဝင်ရောက်ရန် ကြိုးပမ်းနေသော်လည်း တိုးမပေါက်ဖြစ်နေသဖြင့် ယခုအခါ ဧရာဝတီဘက်မှ တဖန်ဝင်ရောက်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း စစ်ရေးသုံးသပ်သူများက ပြောသည်။

“အဓိက စစ်ကောင်စီက ရခိုင်တောင်ပိုင်းကို ဝင်ချင်တာ။ ဒါပေမဲ့ ညောင်ကျိုးနဲ့ နတ်ရေကန်ဘက်မှာ အခြေအနေ မလှတော့ ဒီဘက်က ပြန်လှည့်လာတဲ့ အနေအထားပေါ့။ ဒီဖက်မှာက သူတို့ရေတပ်ပါ အလုပ်လုပ်လို့ ရတယ်။ ဒါကြောင့် ဂွဘက် ရွှေသောင်ယံဘက်တွေကို နေဗီတွေနဲ့ ပစ်နေတာလေ။ သူတို့ တပ်သားသစ်တွေနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဂွဘက်လာပြီး ငါးစာကျွေးတာလောက်ပဲဖြစ်မှာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

တပ်သားသစ်များ အင်အားဖြည့်၍ လက်လွှတ်နယ်မြေများကို ပြန်လည်ရယူရန် ကြိုးပမ်းနေသည့် စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတို့ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေသည်။

ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့အနီးက၊ မကျီးဇင်ရွာနှင့် ဘောမိရွာတို့ကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ၂၀၂၅ နှစ်ဆန်းပိုင်းက စပြီး သိမ်းပိုက်ထားသည်။

ထို့အတူ နိုဝင်ဘာ ၁၁ ရက် အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်ထဲ သာပေါင်းမြို့နယ်၊ သာပေါင်းကလေး ကျေးရွာအနီးနှင့် လေးမျက်နှာမြို့နယ်၊ စက်စက်ယို ၊ ချင်းလယ်ကျေးရွာ အနီးပတ်ဝန်းကျင်များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...
ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...
ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...