သရက်ချောင်းတွင် ပြည်သူပိုင်နေအိမ်များကို စစ်အုပ်စုက ဖောက်ထွင်း

သရက်ချောင်းတွင် ပြည်သူပိုင်နေအိမ်များကို စစ်အုပ်စုက ဖောက်ထွင်း

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာတွင် စစ်တပ် စစ်ကြောင်းက အများ ပြည်သူပိုင်နေအိမ်များကို ဝင်ရောက်ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားသည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါကျေးရွာသို့ စစ်တပ်က နိုဝင်ဘာ ၁၉ ရက်နေ့တွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက် လာပြီး လမ်းတလျှောက်ရှိ အများပြည်သူ နေအိမ်များကို ဝင်ရောက်ဖောက်ထွင်းကာ မီးရှို့ဖျက်ဆီးခြင်းများ လုပ် ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ကျနော်တို့ သိရသလောက်ဆိုရင် အိမ်(၅၀)လောက်ရှိမယ်။ နေအိမ်တွေထဲကို ဝင်မွှေသွားတာ။ ဒေသခံတွေက ရုတ်တရက်စစ်ရှောင်ရတာဆိုတော့ ဘာပစ္စည်းမှမယူလာမိတော့ နေအိမ်တွေထဲက ပစ္စည်းတော်တော်များများ ပါသွားတယ်။ အိမ်ရဲ့တံခါးတွေကို ရိုက်ဖျက်ပြီးတော့ ကိုဝင်သွားတာ။ တော်တော်ဆိုးဆိုးဘဲ”ဟု ၎င်းက ကေအိုင်စီ သို့ ပြောဆိုသည်။

စစ်အုပ်စုတပ် စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင်လည်း သရက်ချောင်းမြို့နယ် ဆိတ်ချောင်း ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံ အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားခဲ့ရာ ယနေ့ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှသိရသည်။

သရက်ချောင်းမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ပြီး စစ်အုပ်စုတပ်က စစ်ကြောင်းထိုးလာ၍ ဒေသခံ သောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီများ လိုအပ် နေသည်ဟု စစ်ရှောင်အရေး ကူညီနေသူများက ပြောသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှစ်ဘက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအတွင်း MA 1 သေနတ် ၄ လက်၊ MA 3 သေနတ် ၂ လက်အပါအဝင် လက်နက်ခဲယမ်းတချို့ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...
ဓာတ်ပုံ - CJ
August 18, 2026
ကရင်ပြည်၊ မြဝတီမြို့ တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အမှတ် (၉၁၅)...
ဓါတ်ပုံ - CJ
August 17, 2026
ကရင်ပြည်၊ ဖာပွန်မြို့သို့ စစ်ကူတက်လာသည့် စစ်အုပ်စုတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး...
August 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)...