လောင်းလုံး ညင်းမော်ရွာကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ပွဲဖြစ်ပွားနေ

လောင်းလုံး ညင်းမော်ရွာကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ပွဲဖြစ်ပွားနေ
Photo credit - social media
Photo credit - social media

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ စစ်ကြောင်း ထိုးလာရာ တိုက်ပွဲ များဖြစ်ပွားနေပြီး ရွာသားများ ထွက်ပြေး တိမ်းရှောင် နေရသည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

မြို့ပေါ်၌ တပ်စွဲထားသည့် စစ်အုပ်စုတပ်က လောင်းလုံးမြို့အနီးရှိ ညင်းမော်ရွာကျေးရွာအတွင်းသို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ စပြီးစစ်ကြောင်းထိုးဝင်လာတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကတော့ ဖြစ်နေတုန်းဘဲ။ မြေပြင်မှာလည်း လက်ရှိစစ်ရေးတင်းမာတဲ့ အခြေနေမျိုးတွေ ရှိနေတုန်းပါဘဲ။ စစ်ကောင်စီ ဘက်က ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်အုပ်စုတပ်မှစစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် အဆိုပါကျေးရွာအနီးရှိ ဒေသခံ ပြည်သူများအနေဖြင့် နီးစပ်ရာနေရာများသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိ စစ်တပ်က ရွာအတွင်း ဝင်ရောက်တပ်စွဲထားသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောဆိုသည်။

“အခုချိန်ထိတော့ ရွာထဲမှာ ရှိနေတုန်းဘဲ။ ဒေသခံတွေ တော်တော်များများကတော့ တခြားသောလွတ် နိုင်မဲ့ နေရာတွေကို ရှောင်နေကြတော့ အရေအတွက် ဘယ်လောက်ရှိမလည်း ဆိုတာကိုတော့ ပြောဖို့ခက်တယ်။

လတ်တလောမှာတော့ စစ်ရှောင်စခန်းကို ရောက်ရှိလာတဲ့သူတွေအတွက် နေရာထိုင်ခင်းတွေလောက်ငှအောင် ဆောင်ရွက်ပေးနေရတဲ့ အခြေနေမျိုးမှာတော့ ရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာကိုလည်း စစ်အုပ်စုတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်း မြိတ်-ထားဝယ် လမ်းပိုင်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားရာအနီးကျေးရွာအတွင်းရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုများထပ်မံ လုပ်ဆောင် သွားကြောင်း သိရသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...