ကလေး - ဂန့်ဂေါ လမ်းမဘေးရှိ ထောက်ကြံ့ရွာကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ သိရ

ကလေး - ဂန့်ဂေါ လမ်းမဘေးရှိ ထောက်ကြံ့ရွာကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ သိရ
Photo credit - CJ
Photo credit - CJ

စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်း ကလေး - ဂန့်ဂေါ လမ်းမဘေးမှာရှိတဲ့ ထောက်ကြံ့ကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်က ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ဒေသခံသတင်းရင်းမြစ်တစ်ဦးက “ထောက်ကြံ့ရွာကို မီးရှို့တာတွေ လုပ်နေတယ်။ ဘယ်နှလုံးထိ မီးရှို့ခံရလဲဆိုတာတော့ မသိရသေးဘူး။ လက်နက်ကြီးနဲ့ ပစ်လိုက်၊ ဒရုန်းနဲ့ ချလိုက် လုပ်နေတယ်။ တော်လှန်ရေးနဲ့ ပက်သက်တဲ့ နေအိမ်တွေကို မီးရှို့တာ ဖြစ်ဖို့များတယ်။ မဲဆွယ်စည်းလုံးရေးလုပ်နေတော့ အကုန်တော့ မရှို့လောက်ဘူးထင်တယ်။ ကလေးမြောက်ပိုင်းမှာလဲ အဲလိုလုပ်သွားတာဆိုတော့လေ” လို့ ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ညက သာယာကုန်းကျေးရွာမှာ ညအိပ် ရပ်နားခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ယမန်နေ့ မနက်ပိုင်းမှာ ထောက်ကြံ့ကျေးရွာက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတာလို့လည်း သိရပါတယ်။

ကလေးမြောက်ပိုင်းကလေး - တမူး ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ အင်အားအမြောက်အများကိုလည်း ကလေးတောင်ပိုင်း ကလေး - ဂန့်ဂေါဘက်ကို စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်လာပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့က ရွေးကောက်ပွဲမတိုင်ခင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး - တမူး လမ်းနဲ့ ကလေး - ဂန့်ဂေါလမ်းကို ပြန်ထိန်းချုပ်နိုင်ဖို့ အသည်းသန် ထိုးစစ်ဆင်နေတာလို့လည်း သိရပါတယ်။

July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...
June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...
June 29, 2026
ချင်းလူငယ် ပန်းချီအနုပညာရှင်၁ဦး ဖြစ်တဲ့ Artist Pau Za Langh ရဲ့  ပထမဆုံး တကိုယ်တော်...
June 27, 2026
ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို...