အမ်းမြို့ကို အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ နေအိမ်တချို့ပျက်စီးပြီး အရပ်သားထိခိုက်မှုတချို့ရှိ

အမ်းမြို့ကို အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ နေအိမ်တချို့ပျက်စီးပြီး အရပ်သားထိခိုက်မှုတချို့ရှိ

အမ်းမြို့၊ မြို့သစ်ရပ်ကွက်ကို ယမန်နေ့ နေ့လယ်က အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲချခဲ့၍ နေအိမ်တချို့ပျက်စီးကာ လူတချို့ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

အမ်းဒေသခံအမျိုးသားတစ်ဦးက “မနေ့ နေ့လယ်ဗုံး ၂ လုံးကြဲသွားတာအိမ်တွေ ပျက်စီးသွားတယ်။ လူအထိအခိုက်တော့ ရှိတယ်ကြားတယ်။ ထိခိုက်မှုက သုံးယောက်လောက်ကြားတယ်။ ဒါပေမဲ့ အတိအကျ သတင်းမရသေးဘူး။ အလိုလိုနေရင်း လာပစ်နေတာ” ဟုနိရဉ္စရာကို ပြောသည်။

အောက်တိုဘာ၂၆ ရက် နေ့လယ် ၂ နာရီခန့်တွင် အမ်းမြို့သစ်ရပ်ကွက်အား AA ရှိသည့်အထင်ဖြင့် ပေါင်၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့သော်လည်း ဒေသခံအများစုမှာ မြို့ထဲတွင် ရှိမနေသေးသဖြင့် လူအထိအခိုက်ထက် အိမ်များ ပြိုပျက်မှုများသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ်မှ မကြာခဏ ဗုံးလာကြဲမှုများရှိသဖြင့် နေအိမ် အိမ်ခြေထက်ဝက်ကျော်ခန့် ပျက်စီး ပြိုပျက်သွားပြီဟု အမ်းဒေသခံမြို့သစ်ရပ်ကွက်ကအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

“မြို့သစ်ရပ်ကွက်မှာ အိမ်တွေမနည်း ပျက်စီးသွားပြီ။ မကြာခဏ လာပစ်တာမျိုးရှိတယ်။ အဆက်သွယ်မရလို့သာ မသိကြတာ။ Y-12ရော၊ ဂျက်ဖိုက်တာရော အစုံပဲ။ သူတို့ နတ်ရေကန်ဖက်မှာ အထိနာပြီဆို လာလာပစ်တာ ထင်တယ်။ အခုသိရတာကလည်း တခါတခါကျရင် အိမ်တွေကို သွားကြည့်ရင်း သိတာ။ မြို့ထဲ မဝင်ရသေးပေမယ့် အိမ်ကိုတော့ မကြာမကြာ သွားကြည်လို့ ရပါတယ်” ဟု ပြောသည်။

အမ်းမြို့ပေါ်ရှိ မြို့သစ်ရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်တို့ရှိ အမှတ် ၃၊ ၄၊ ၅ ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်၊ ဈေးရပ်ကွင်၊ ဈေးတောင်ရပ်ကွက်တို့ ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း အမ်းမြို့၊ ပျဉ်းတောရပ်ကွက်ရှိ မူလတန်း(လွန်) စာသင်ကျောင်းကို  စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့၍ ကျောင်း‌ဆောင် ပြိုပျက်ခဲ့ရသည်။

အမ်းမြို့ကို အာရက္ခတပ်တော်(AA)သည် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် သုံးလခန့်အကြာ ဒီဇင်ဘာလ ၂ဝ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် အမ်းမြို့နှင့် မြို့နယ်တွင်းရှိ နေရာများတွင်လည်း ပေါက်ကွဲနိုင်သည့်မိုင်းနှင့် စစ်လက်ကျန် ပစ္စည်းများ ရှိနေနိုင်သေးသည့်အတွက် စစ်ဘေးရှောင်များ ဝင်ရောက်နေထိုင်ခွင့်ကို AA က တားမြစ်ထားသည်ဟုလည်း ဒေသခံများက ပြောသည်။

နောက်ဆုံးရရှိသော သတင်းအရ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားပြီး၎င်းကလေးငယ်မှာ အမ်းမြို့၊ မြို့ဟောင်းရပ်ကွက်မှ ချင်းလူမျိုး ဆလိုင်းသိန်းဇော်သန်း (၉ နှစ်) ဖြစ်ကြောင်းသိရသည်။

ဗုံးစထိမှန်ကာ ဆလိုင်းသိန်းဇော်သန်း၏  ဦးခေါင်းနှင့် နံရိုးတို့တွင်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်

“ခေါင်းဆိုတော့ နည်းနည်းစိုးရိမ်ရတယ်လို့ ပြောလို့ရတယ်။ အခုတော့ အခြေအနေကို စောင့်ကြည့်နေတုန်းပါ” ဟု ပြောသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...