တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ဦးရေ ရှစ်သောင်းကျော်ထိ ရှိလာ

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ဦးရေ ရှစ်သောင်းကျော်ထိ ရှိလာ

တနင်္သာရီတိုင်းတွင် တိုက်ပွဲများနှင့် ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူ ၈၀,၈၀၀ ဦးကျော် ရှိနေပြီးဖြစ်သည်ဟု ဒေသတွင်း သုတေသနအဖွဲ့ ဖြစ်သည့် FE5 Thaintharyi အစီရင်စာခံ၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်မှ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ အရပ်သားပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်း၊ နေအိမ်မီးရှို့ ဖျက်ဆီးခြင်းနှင့် လေကြောင်းပစ် ခတ်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်သူများ ယခင်လကထက် များပြားလာကြောင်း မြေပြင်စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောဆိုသည်။

“ပွင့်လင်းရာသီကို ရောက်လာတော့ စကစ ဘက်ကနေ PDF တွေရှိနိုင်မဲ့ နေရာတွေကို စစ်ကြောင်း ထိုးလာတယ်။ ပြီးတော့ နယ်မြေရှင်းလင်းမှုတွေကို အကြောင်းပြပြီး လေကြောင်းကနေ ဗုံးကြဲတာတွေ၊ ကျေးရွာ အခြေစိုက် ခလရ၊ ခမရ၊ အမတ တပ်ရင်းကနေလက်နက်ကြီး တွေနဲ့ပြည်သူတွေကို အဓိကပစ်မှတ်ထား လုပ်လာတဲ့ အတွက်ကြောင့် စစ်ဘေးရှောင်ရတဲ့သူတွေက တစ်ရက်ထက် တစ်ရက်တိုး လာတယ်။ နိုင်ငံတကာက ထောက်ပံ့မှု အားနည်းတဲ့အတွက်၊ လိုအပ်ချက်တွေက ရှိနေတုန်းဘဲ” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ပုလောစစ်ရှောင်စခန်းအတွင်းနေထိုင်သူ ၃,၀၀၀ ဝန်းကျင်အထိရှိနေပြီး တနင်္သာရီ မြို့နယ်တွင် ရက်ရှည် တိုက်ပွဲဖြစ်ပွါးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၁,၀၀၀ နီးပါး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ FE5 Thanintharyi ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

လက်ရှိတွင်လည်း အဆိုပါစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးအပြင် အသုံးအဆောင် ပစ္စည်းများ အများအပြားလိုအပ်လျက်ရှိနေပြီး နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများ ရရှိခြင်းမရှိသေးကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောဆိုသည်။

Most read this week

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...