စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု UWSA ပြော

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု UWSA ပြော
Photo credit - UWSA
Photo credit - UWSA

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ လားရှိုး မြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်) က နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့်အခမ်းအနား၌ မီဒီယာများ၏ မေးမြန်းမှုတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲကို ကျွန်တော်တို့ “ဝ” အဖွဲ့ အနေနဲ့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ မက်ဆေ့ ပေးလိုပါတယ်။ တခြားမီဒီယာတွေ၊ တချို့ရေးတာတွေက မမှန်ပါဘူး။ ဒီကိစ္စနဲ့ ကျွန်တော်တို့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ မက်ဆေ့လဲ ကျွန်တော်တို့ ဗဟိုဌာနချုပ်အနေနဲ့လည်း ထုတ်ပြန်ခဲ့ပြီးသားပါ”ဟု “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောသည်။

ထို့အပြင် တနိုင်ငံလုံး အတိုင်းအတာအနေဖြင့်လည်း ကွက်ကြား ငြိမ်းချမ်းခြင်း မဟုတ်ဘဲ တနိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ဆုံးရရန်လည်း မျှော်လင့်နေသည်ဟု ဆိုသည်။

“တခြား ရှမ်းမြောက်နဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေကတော့ ဒါက တကဏ္ဍပါ။ ခုဏကျွန်တော်ပြောလိုတာက ရိုးရိုးရှင်းရှင်းလေးပါ။ ကျွန်တော်တို့ “ဝ” အဖွဲ့ UWSA အဖွဲ့သဘောထားအနေနဲ့လည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးတော့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ သဘောထားပဲ ကျွန်တော်ပေးလိုပါတယ်”ဟု ဦးညီရမ်းကဆိုသည်။

ထိုသို့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အားပေးထောက်ခံသည့်အတွက် ၎င်းထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြု၊မပြုကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ပြီးခဲ့သည့် စက်တင်ဘာလက “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၏ ထိန်းချုပ်ဒေသဖြစ်သည့် ဟိုပန်နှင့် ပန်လုံမြို့တို့တွင် စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းခြင်း၊ မဲဆွယ်စည်းရုံးခြင်းမျိုး တွေ့ရှိပါက တရားစီရင်ရေးဌာနကို တိုင်ကြားနိုင်သည်ဟု “ဝ” လူငယ့်အသံက ဖော်ပြခဲ့သေးသည်။

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်/ ပါတီ – UWSA/ UWSP ထိန်းချုပ်နယ်မြေများတွင် ယခင် ဦးသိန်းစိန် အစိုးရနှင့် NLD အစိုးရ လက်ထက် ကတည်းက ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြုတောင်းဆိုချက်များကို “ဝ” တပ် UWSA က အကြိမ်ကြိမ်ငြင်းဆန်ခဲ့သည်။

UWSA/ UWSP ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြု၊ မပြုသိရှိနိုင်ရန် လားရှိုးမြို့ဆက်ဆံရေးရုံး

တာဝန်ခံ ဦးညီရမ်းကို မဇ္ဈိမက စာဖြင့်ဆက်သွယ်မေးမြန်းထားပေမယ့် ယခုသတင်းဖော်ပြချိန်အထိ အကြောင်းမပြန်သေးပေ။

စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း (၁)ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင်နှင့် စစ်ကော်မရှင်တပ်သားများအား ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
March 2, 2026
လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ...
ပုဂံတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (Ye Aung THU - AFP)
February 28, 2026
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ...
February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...