ဗန်းမောက် – ဟုမ္မလင်းလမ်းပိတ်ထားလို့ ဟုမ္မလင်းဘက် ကုန်စျေးအဆမတန်မြင့်တက်

ဗန်းမောက် – ဟုမ္မလင်းလမ်းပိတ်ထားလို့ ဟုမ္မလင်းဘက် ကုန်စျေးအဆမတန်မြင့်တက်
Photo credit - CJ
Photo credit - CJ

စစ်ကိုင်းတိုင်းထဲက ဗန်းမောက်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ချင်းဆက်လမ်းပိုင်းပိတ်ထားတာကြောင့် ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေအဆမတန်စျေးတက်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA ) ပူးပေါင်းတပ်တွေက ဗန်းမောက် –ဟုမ္မလင်း ကားလမ်းပိုင်း ပိတ်ထားချိန် ရက်ပေါင်း ၂၀ ကျော်ကြာမြင့်လာတဲ့အတွက် ဟုမ္မလင်းမြို့ပေါ်နဲ့နောင်ပိုအောင်၊ နန့်တော စတဲ့ကျေးရွာဘက်မှာ အခြေခံစားသောက်ကုန်‌ဈေး အဆမတန်မြင့်တက်လာနေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

“ဗန်းမောက်လမ်းပိတ်ထားတာလေး ကုန်ကြောင်းဆိုလို့အဲ့လမ်းကနေပဲကုန်တွေဝင်တာအခုလမ်းပိတ်တော့ ခရမ်းချဥ်သီးတစ်ပိဿ ၅၀၀၀၀ မြို့ပေါမှာ ရွာတွေဘက်ဆိုရင် တပိဿ ၆၀၀၀၀ ကျော် အထိရှိတယ် ကြက်ဥတစ်လုံးက မြို့ပေါမှာ ၁၀၀၀ ရွာတွေဘက် ၃၀၀၀၊ ၄၀၀၀ တဲ့စျေးတက်တာ မကြုံမဖူးပါ့ဒီတခါက”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးက ပြောပါတယ်။

KIAနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ဗန်းမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့နောက်ပိုင်းကစပြီး ဗန်းမောက် – ဟုမ္မလင်းကားလမ်းပိုင်းကို စစ်ကောင်စီတပ်နဲ့ SNA တပ်တွေက စက်တင်ဘာ ၂၀ ရက်နေ့နောက်ပိုင်းကစပြီး ဒီကနေ့အထိပိတ်ထားတယ်လို့ သိရပါတယ်။

“လမ်းကပိတ်ထားတယ်ဒါပေမယ့် သူတို့ SNA နဲ့စစ်သားတွေကတော့သွားလာနေတာပဲ ဒီနေ့လည်း ကားသုံးစီးနဲ့ SNA တွေဗန်းမောက်ဘက်သွားလိုက်တယ် သူတို့လှုပ်ရှားနေလို့လမ်းပိတ်ထားတာ”လို့ နောက်ထပ် ဟုမ္မလင်းမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။

ဗန်းမောက် – ဟုမ္မလင်းကားလမ်းမပိတ်ခင်အထိတော့ ဟုမ္မလင်းမြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်ပိဿာ ကျပ် ၂၅၀၀၀၊ ကြက်ဥ ၅၀၀၀ ဖို့း ၈လုံးအထိရပြီး ရွာတွေဘက်မှာ ခရမ်းချဥ်သီးတစ်ပိဿ ကျပ် ၃၅၀၀၀၊ ကြက်ဥတစ်လုံး ၁၀၀၀ ကျပ်အထိရှိခဲ့ပေမယ့် ကားလမ်းပိုင်းတဲ့နောက်ပိုင်းကနေတော့ ခရမ်းချဉ်သီး၊ ကြက်ဥနဲ့ အလားတူ အခြားကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်သွားကြောင်းသိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်တွေကို မန္တလေးကနေ တဆင့် အင်းတော်–ဗန်းမောက် –ဟုမ္မလင်း ကားလမ်းအတိုင်းသယ်ယူကြတာဖြစ်ပြီး လက်ရှိ ကာကွယ်ရေးတပ်တွေဘက်ကထိန်းချုပ်ထားတဲ့ အင်းတော်–ဗန်းမော်ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပြုထာပြီဖြစ်ပေမယ့် စစ်ကောင်စီနဲ့ SNA တပ်တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်–ဟုမ္မလင်းလမ်းပိုင်းပိတ်ထားဆဲ ဖြစ်တာကြောင့် အခုလို ကုန်စျေးနှုန်းတွေ တက်နေတာလို့ သိရပါတယ်။

ဗန်းမောက်–ဟုမ္မလင်းကားလမ်းဆက်ပြီးပိတ်ထားမယ်ဆိုရင် ဟုမ္မလင်းနယ်ဘက်မှာ ကုန်စျေးတွေ ဒီထက်မက မြင့်တက်လာနိုင်တဲ့အပြင် အခြေခံစားသောက်ကုန်၊ ဆန်၊ ဆီ၊ ဆားနဲ့ စက်သုံးဆီတွေ ပြတ်လပ်လာနိုင်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်အဝင်လမ်းကြောင်းဟာ ပုံမှန်အားဖြင့် မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းနဲ့ ဗန်းမောက် – ဟုမ္မလင်းကားလမ်းနှစ်လမ်းရှိပေမယ့် လက်ရှိမှာတော့ မုံရွာ–ဟုမ္မလင်း ရေကြောင်းလမ်းဟာ စစ်ရေးအခြေအနေကြောင့် ပုံမှန်သွားလာလို့မရတာ မကြာခန ရေကြောင်းလမ်းပိတ်စို့တာတွေကြောင့် ယင်းလမ်းပိုင်းကနေ ကုန်စည်သယ်ယူဖို့ခက်ခဲပြီး ကုန်ကြောင်းကိုသာ အဓိက အားထားလာရတာလို့ သိရပါတယ်။

ဗန်းမောက်မြို့ကိုတော့ လက်ရှိ KIA နဲ့ ကာကွယ်ရေးပူးပေါင်းထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီနဲ့ SNA 

ပူးပေါင်းတပ်တွေက ဟုမ္မလင်းမြို့နယ်ဘက်ခြမ်းကနေ စတင်ပြီး တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် လက်ရှိ ဗန်းမောက်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လေကြောင်း တိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့သိရပါတယ်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...