ဗန်းမောက်မြို့နဲ့ တစ်မိုင်အတွင်းမှာ SNA နဲ့ KIA+PDF တို့ စစ်ရေးတင်းမာနေ

ဗန်းမောက်မြို့နဲ့ တစ်မိုင်အတွင်းမှာ SNA နဲ့ KIA+PDF တို့ စစ်ရေးတင်းမာနေ

ဗန်းမောက်မြို့နဲ့ အနီးက ကျေးရွာတွေဖြစ်တဲ့ စက်တော၊ နားယကာ ၊ ခမိုး စတဲ့ကျေးရွာတွေမှာ SNA နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ကြားမှာ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

“အခု ဗန်းမောက်မြို့အနီးမှာ စစ်ရေးက တော်တော်လေးတင်းမာနေတယ်။ SNA က စက်တောနဲ့ ခမိုးကို ရထားပြီ၊ မြို့နဲ့က သိပ်မဝေးတော့ဘူး” လို့ စစ်ဘေးရှောင်တစ်ဦးက ၎င်းသိရှိရတဲ့သတင်းကို ပြောပြပါတယ်။ 

စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဗန်းမောက်မြို့ပေါ်ကနေ ပင်ဟင်းခါးကျေးရွာအထိ တပ်ဆုတ်ခဲ့တဲ့ SNA က စက်တင်ဘာ ၂၇ ရက်နေ့မှာ တန်ပြန်ထိုးစစ်တစ်ရပ် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ 

နှစ်ပတ်အတွင်းမှာ ရွှေကျောင်း၊ ခိုပြင်၊ ညောင်သာယာ၊ ခမိုး၊ အလယ်ရွာ၊ ကံရွာ စတဲ့ကျေးရွာတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

မြို့အနီးမှာ တိုက်ပွဲတွေ ပြန်လည်တည်ငြိမ်နေပေမယ့် ဗန်းမောက်မြို့ရဲ့ အနောက်ဘက်ခြမ်းဒေသဖြစ်တဲ့ ကြောင်လည်ကျေးရွာမှာလည်း မနေ့ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ကြောင်လည်ရွာမှာ ပစ်နေကြတယ်။ လက်နက်ကြီးသံတွေပဲ တအုန်းအုန်းတစ်နေကုန်၊ ဒီနေ့လည်း မနက်ကတည်းက ချနေကြပြန်ပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဗန်းမောက်မြို့က မြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၅ ထောင်နီးပါးဟာ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းနဲ့ နီးစပ်ရာ ဆွေမျိုးရှိတဲ့ ကျေးရွာတွေမှာ စစ်ဘေး တိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။ 

စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေသလို ကျန်းမာရေးအတွက် ဆေးကုသမှုတွေလည်း လိုအပ်နေတယ်လို့ ရှမ်းနီနဲ့ ကတူးအရပ်ဘက်အဖွဲ့အစည်းတွေကို အသိပေးထုတ်ပြန်ထား ကြပါတယ်။

May 1, 2026
ကချင်ပြည်နယ်၊ကာမိုင်း-ဖားကန့် လမ်းပိုင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF...
April 30, 2026
ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းကို တမံအရွယ်အစားနဲ့ ဆည်ရဲ့...
April 29, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းက တောင်သူတွေဟာ စပါးစိုက်ပျိုးဖို့အတွက်...
ရပ်နားထားရတဲ့ မိုးညှင်းဘူတာကို ၂၀၂၅ ခုနှစ်ကုန်ပိုင်း မြင်ကွင်း/ShanNi Voice
April 28, 2026
ကချင်ပြည်နယ်အတွင်းရှိ ၂၀၂၁ ခုနှစ်ကနေ ငါးနှစ်အကြာပိတ်ထားတဲ့ မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့အထိ...