ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံး

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံး
Photo credit - တနင်္သာရီတိုင်းမ်
Photo credit - တနင်္သာရီတိုင်းမ်

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

မတရားဖမ်းဆီးခံရပြီး ဥပဒေပုဒ်မ ၅၀၅-က/ ပေါက်ကွဲ-၅ တို့ဖြင့် ထောင်ဒဏ် ၈ နှစ် အကျဉ်းချခံထားရသည့် အသက် ၄၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးသည် အောက်တိုဘာလ ၃ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု PPNM က ထုတ်ပြန်ထားသည်။

ကိုအောင်ကိုဦးသည် ၂၀၂၁ အစောပိုင်းကာလက အာဏာသိမ်းစစ်တပ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရှင်မုတ္ထီးရွာရှိ နေအိမ်တွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီးနောက် ကိုအောင်ကိုဦးကို ဥပဒေ ပုဒ်မ ၅၀၅-က၊ ပေါက်ကွဲ-၅ တို့ဖြင့် အမှုဖွင့်ပြီး ထားဝယ်အကျဉ်းထောင်သို့ ပိုဆောင်ခံခဲ့ရသူဖြစ်သည်။

နဂိုမူလရောဂါအခံများဖြစ်သည့် နှလုံး၊ ဆီးချို၊ ကျောက်ကပ်ရောဂါကြောင့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းချခံရစဉ်ကတည်းက ဆေးဝါးကုသမှု မကြာခဏ ခံနေရသူဖြစ်ပြီး ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရပါသည်ဟု PPNM က ဆိုသည်။

Most read this week

June 16, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...
ပုံ-CJ (ပုံဟောင်း)
June 15, 2026
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ ပစ်ခတ်မှုဖြစ်ပြီးနောက်...
June 13, 2026
စစ်အုပ်စုက ရက် ၁၀၀ စီမံကိန်းအဖြစ် ကြေညာခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အတွင်း စစ်တပ်၏...
June 12, 2026
မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနေပြီးဖြစ်သဖြင့်...