ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံး

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံး
Photo credit - တနင်္သာရီတိုင်းမ်
Photo credit - တနင်္သာရီတိုင်းမ်

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

မတရားဖမ်းဆီးခံရပြီး ဥပဒေပုဒ်မ ၅၀၅-က/ ပေါက်ကွဲ-၅ တို့ဖြင့် ထောင်ဒဏ် ၈ နှစ် အကျဉ်းချခံထားရသည့် အသက် ၄၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးသည် အောက်တိုဘာလ ၃ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု PPNM က ထုတ်ပြန်ထားသည်။

ကိုအောင်ကိုဦးသည် ၂၀၂၁ အစောပိုင်းကာလက အာဏာသိမ်းစစ်တပ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရှင်မုတ္ထီးရွာရှိ နေအိမ်တွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီးနောက် ကိုအောင်ကိုဦးကို ဥပဒေ ပုဒ်မ ၅၀၅-က၊ ပေါက်ကွဲ-၅ တို့ဖြင့် အမှုဖွင့်ပြီး ထားဝယ်အကျဉ်းထောင်သို့ ပိုဆောင်ခံခဲ့ရသူဖြစ်သည်။

နဂိုမူလရောဂါအခံများဖြစ်သည့် နှလုံး၊ ဆီးချို၊ ကျောက်ကပ်ရောဂါကြောင့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းချခံရစဉ်ကတည်းက ဆေးဝါးကုသမှု မကြာခဏ ခံနေရသူဖြစ်ပြီး ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရပါသည်ဟု PPNM က ဆိုသည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...