အထိနာတဲ့ စစ်တပ် ခြေလျင်စစ်ကြောင်းပြန်ထိုးလာလို့ တိုက်ပွဲပြန်ဖြစ်

အထိနာတဲ့ စစ်တပ် ခြေလျင်စစ်ကြောင်းပြန်ထိုးလာလို့ တိုက်ပွဲပြန်ဖြစ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ပြန်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ဒီကနေ့ အောက်တိုဘာလ ၂ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင်တွင် နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

“လမြန်ဘက်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ခြေလျင်နဲ့ ပြန်တက်လာလို့ တိုက်ပွဲ ပြန်ဖြစ်နေပြီ။ နှစ်ဖက်တပ်က ထိပ်တိုက်တိုက်ပွဲဖြစ်နေတဲ့ သဘောပါ။ ပြီးရင် မြစ်ကြီးနားဘက်ခြမ်းကနေလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပေးနေတာလည်းရှိတယ်” လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကတည်းကနေ လမြန်ကျေးရွာအထိ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကြောင်းတွေက တိုက်ပွဲအတွင်း အထိနာပြီး တပ်ဆုတ်သွားခဲ့ရာမှာ ခြေလျင်နဲ့ ပြန်ပြီး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲပြန်ဖြစ်နေတာလို့ ပြောပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ ခက်ခဲနေပါသေးတယ်။

လမြန်ကျေးရွာမှာ ဩဂုတ်လကနေ စက်တင်ဘာလဆန်းပိုင်းအထိ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေကြား တစ်လခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာ တနိုင်းဘက်က စစ်ကူအဖြစ် ရောက်လာတဲ့ ခမရ ၃၁၈ ဒုတပ်ရင်းအပါ သေဆုံးမှုရှိခဲ့ပါတယ်။

ဝိုင်းမော်မှာ စစ်ရေးတင်းမာမှုဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း နောက်ထပ် ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

“ဝိုင်းမော်တိုက်ပွဲက ဟိုလို လုံးဝငြိမ်သွားတာမျိုးမရှိပါဘူး။ ငြိမ်လိုက် ပစ်လိုက်နဲ့ နေ့တိုင်းလို ဖြစ်နေတာဖြစ်တယ်။ ပြည်သူ့စစ်အဖွဲ့တွေက ကားလမ်းကြောင်းအတိုင်း ထိုးလို့မရတော့ လယ်တောလမ်းဘက်ကနေ ပြန်ပြီးထိုးလာတဲ့ အနေအထားကိုတော့ ကြားသိရတယ်။ ဒါ့ပေမယ့် စစ်ကြောင်းက ထိုးလို့မရတဲ့ အခြေအနေတော့ရှိတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြေရှားသတ္တုထွက်ရှိတဲ့ ချီဖွေ၊ ပန်ဝါ၊ လန်ဆယ်၊ ဆဒုံး၊ ကန်ပိုင်တည်၊ ဖီမော စတဲ့ တရုတ်နယ်စပ်မြို့နေရာတွေကို ပြန်ရဖို့ ဝိုင်းမော်မြို့နယ်ထဲကနေ စစ်မျက်နှာပြင်တစ်ခုကနေ ထိုးစစ်ဆင် တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။

အဲဒီနယ်စပ်မြို့နေရာတွေကို ပြန်ရဖို့ စစ်တပ်ဟာ နောက်ထပ် ဂွေထူ – မန်ဝိန်း – မန်ဒေါင်လမ်းနဲ့ ပူတာအိုခရိုင် ခေါင်လန်ဖူး – ဖီမော် လမ်းကြောင်းတွေဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်။

ဒါကြောင့် ပူတာအိုဒေသဖြစ်တဲ့ ခေါင်လန်ဖူးနဲ့ လန်ဆယ်ဘက်ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

March 24, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု...
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...
March 20, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ...