ရန်ကုန်တွင် ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံး ၂ ရုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

ရန်ကုန်တွင် ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံး ၂ ရုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း ဗဟန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ စသည့်မြို့နယ်များတွင် ရဲစခန်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံး ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ရန်ကုန်တိုင်းအတွင်း စစ်ရေးလှုပ်ရှားမှူများ ပြုလုပ်နေသည့် မြပြပြောက်ကျားတပ်များထံမှ သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် (၂၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်) ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ ပူးပေါင်းအဖွဲ့က ပြင်းအားနြှင့် မိုင်းတလုံး၊ လက်ပစ်ဗုံးနှစ်လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YA တာဝန်ရှိသူက ပြောသည်။

“အုပ်ကြီးအပါ လေးယောက် ထိခိုက်မှု ရှိတယ်လို့ မြေပြင်သတင်းပေးချက်အရသိရှိရပါတယ်။ အထဲထိဝင်ပစ်တာဆိုတော့ ထိရောက်မူရှိတာ။ အုပ်ကြီးကအရင်က ရဲ၊ ရဲကနေထွက်ပြီး အုပ်ကြီးနေရာဝင်ယူပြီး ရပ်ကွက်နေပြည်သူကို လူပါးဝ အနိုင်ကျင့်နေတာပါ” ဟု YA တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

အလားတူ တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက််ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလည်း ယမန်နေ့ ည ၁၀ နာရီ ဝန်းကျင်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

“ ည ၉ နာရီခွဲ ၁၀ နာရီလောက်က ထင်တယ်။ ဗုံးပေါက်တဲ့အသံမျိုးပဲကြားရတာ။ အခုက ရပ်ကွက်ရုံးထဲ သူတို့ (ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်) တွေ ညစောင့်အိပ်ကြတာရှိတယ်လေ။ ထိတာတွေလည်းရှိတယ်တဲ့။ ဒါပေမယ့် ဘယ်သူတွေထိလဲတော့မသိဘူး” ဟု ဒေသခံတဦးက ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းတွင်လည်း ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းမြို့မ ရဲစခန်းအား Operation Flame (OF) နှင့် ပူးပေါင်းအဖွဲ့က လက်ပစ်ဗုံးနှစ်လုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး လုံခြုံ ရေးရဲကင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထိခိုက်မှုများအား စုံစမ်းနေဆဲသာဖြစ်ကြောင်း OF မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“အဲ့စခန်းထဲ ဂိတ်ဝရဲကင်းမှာကတော့ ပုံမှန်နှစ်ကောင် ကင်းယူတယ်။ ဘေးနားက အမြင့်ကင်းမှာတော့ တကောင် ရှိတယ်။ နောက်ဆက်တွဲသိရတာကတော့ မစ်ရှင်အပြီး စခန်းထဲ လူနာတင်ကား ဝင်သွားတာရှိတယ်။ ရဲ ဘယ်နှစ်ကောင် ထိလည်းဆိုတာမျိုးတော့ မသိရသေးပါဘူး” ဟု OF တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တိုင်းအတွင်း စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲပြုလုပ်ရန်အတွက်ဟုဆိုကာ အစစ်အဆေး၊ လုံခြုံရေးများ တင်းကြပ်ထားသည့်ကြားမှ တိုက်ခိုက်ခြင်းဖြစ်သည်ဟု မြို့ပြပြောက်ကျားအဖွဲ့များက ပြောသည်။

ထို့အပြင် YA အဖွဲ့တာဝန်ရှိသူက မြို့ပြပြောက်ကျားတပ်များအနေဖြင့်ရန်ကုန်တိုင်းအတွင်း စစ်ကော်မရှင်တပ် အကြိုက် ရွေးကောက်ပွဲအတွက် ပြင်ဆင်ခြင်း၊ စစ်မှုထမ်းဥပဒေအကြောင်းပြု ပြည်သူများအား ဖိအားပေးခြင်းများ ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ ရရှိထားကြောင်း သတိပေးထားသည်။

Photo credit - CJ

September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...