မိုးကုတ်မြို့ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ အရပ်သားထိခိုက်မှုရှိ

မိုးကုတ်မြို့ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ အရပ်သားထိခိုက်မှုရှိ
 Photo credit - CJ
Photo credit - CJ

သျှမ်း-မန္တလေးနယ်စပ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ( အောက်တိုဘာလ ၁ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း ရေထွက်ကြီးသို့ သွားသည့် လမ်းဘက်သို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ထိခိုက်မှုများရှိကြောင်း အသက် ၃၀ ဝန်းကျင် မိုးကုတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက် လောက်မှာပဲ ဗုံးလာကြဲသွားတယ်။အနောက်ပိုင်းကို ကြဲသွားတာ။ထိခိုက်တဲ့လူ ၂ ယောက်လောက် ရှိတယ်။အသေစိတ်တော့ သေချာမသိရသေးဘူး။”ဟု အသက် ၃၀ ဝန်းကျင် မိုးကုတ်မြို့ ဒေသခံ အမျိုးသာတစ်ဦးက ပြောသည်။

မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်မှ လေးကြောင်းတိုက်ခိုက်မှုတွင် လူထိခိုက်ဒဏ်ရာရရှိမှုကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

ပြီးခဲ့သည့် စက်တက်ဘာလ ၁၆ ရက်တွင်လည်း မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo credit - CJ

Most read this week

သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...
September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...