လမိုင်းမြို့မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး

လမိုင်းမြို့မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဦးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က လမိုင်းဘုရားကြီးမှာ ဆွမ်းဆန်စိမ်းလောင်းပွဲကနေ နေအိမ်ကို ကားနဲ့ ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်ဦး၊ ရာအိမ်မှူး ဦးသန်းဝင်းတို့ကို အုပ်ချုပ်ရေးမှူး နေအိမ်အရှေ့အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။

“မနက်ဆွမ်းဆန်စိမ်းလောင်းနေကတည်းက သူတို့ကိုစောင့်ကြည့်နေလောက်တယ်။ သူတို့လည်း ပြန်လာတာကို အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာကြတယ်။ အိမ်ရှေ့အရောက်မှာ အုပ်ကြီးကို ဦးတည်ပြီး ၃ ချက်ပစ်တာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်ဦးဟာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့နေရာမှာပဲ သေဆုံးခဲ့ပြီး ရာအိမ်မှူး ဦးသန်းဝင်းမှာ အုပ်ချုပ်ရေးမှူး ဦးခေါင်းထိမှန်ပြီး ထွက်လာတဲ့ကျည် လည်ပင်းညှပ်ရိုး ဖောက်ဝင်သွားလို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ရာအိမ်မှူး ဦးသန်းဝင်းကို လမိုင်းဆေးရုံကနေတဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံထံ လွှဲပြောင်းပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပစ်ခတ်မှုပြီးနောက် စစ်ကော်မရှင်တပ်က မြို့တွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo credit - Social Media

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...