မြစ်ကြီးနားမြို့မှာ မိန်းကလေးတစ်ဦး ဓားထိုးခံထားရပြီး သေဆုံး

မြစ်ကြီးနားမြို့မှာ မိန်းကလေးတစ်ဦး ဓားထိုးခံထားရပြီး သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံရတဲ့ ဒဏ်ရာနဲ့ အသတ်ခံထားရတယ်လို့ ဧရာဝတီဂရုဏာလူမှု ကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံထားရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ သိရပါတယ်။

“ညာဘက်လက်မှာလည်း ကာလိုက်လို့ ထိတာထင်တယ်။ လက်သန်းကြွယ်မှာလည်းတစ်ခု တော်တော်တော့ နက်တယ် ဓားဒဏ်ရာက။ ကျွန်တော်တို့ အမြင်နဲ့ ကြည့်ရလို့ရှိရင်တော့  နားအောက်ပေါ့ လည်ပင်းနား လည်ပြွန်ကို ထိတယ်” လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အ‌လောင်းကို မြစ်ကြီးနားရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး မနေ့ညအထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိသေးတဲ့အတွက် ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေမှာ အမျိုးသားနှစ်ဦး ဖြစ်တယ်လို့ ကနဦးသိရပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လက လက်နက်ကြီး ထိမှန်သူ၊ ဓားထိုးခံရမှုနဲ့ ပစ်ခတ်ခံရမှုတွေကြောင့် သေဆုံးသူ ၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ  ၄ ဦးထိ ရှိခဲ့ပါတယ်။

KNG စုစည်းထားတဲ့စာရင်းတွေအရ မြစ်ကြီးနားမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆၊ ဇွန် ၅ ကြိမ်၊ ဇူလှိုင်လ ၄ ကြိမ်နဲ့ ဩဂုတ်လမှာတော့ ၅ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁ဦး ရှိခဲ့ပါတယ်။

ဆက်သွယ်ရေး အခက်အခဲကြားကနေ လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ဒေသခံပြည်သူတွေဆီကနေ မေးမြန်းထားတာ ဖြစ်တဲ့အတွက် မြေပြင်အခြေအနေမှာတော့ အနည်းငယ် ကွဲလွဲမှုတွေ ရှိနေနိုင်ပါတယ်။

ခုလို မြစ်ကြီးနားမြို့မှာ သတ်ဖြတ်မှုတွေ၊ ခိုးဆိုးလုယက်မှုတွေ မကြာခန ခပ်စိပ်စိပ် ဖြစ်လာပေမယ့်လည်း မြစ်ကြီးနားမြို့ကို အုပ်ချုပ်နေတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် မြစ်ကြီးနား ပြည်သူတွေအတွက် သွားရေးလာရေး ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။

(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...