အကြမ်းဖက်စစ်နေဗီ ဖမ်းဆီးသွားသည့် ပေါက်တောမှ မွတ်ဆလင်ငါးဖမ်းသမား ၁၃ ဦး ကိုးရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရသေး

အကြမ်းဖက်စစ်နေဗီ ဖမ်းဆီးသွားသည့် ပေါက်တောမှ မွတ်ဆလင်ငါးဖမ်းသမား ၁၃ ဦး ကိုးရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရသေး

အကြမ်းဖက်စစ်နေဗီက ဖမ်းဆီးသွားသည့် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာမှ မွတ်ဆလင်ငါးဖမ်းသမား ၁၃ ဦးသည် ကိုးရက်ကြာသည့် ယနေ့အထိ မိသားစုများနှင့် အဆက်အသွယ် မရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

သူတို့ ၁၃ ဦးသည် စက်တင်ဘာလ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းက ပေါက်တောမြို့နယ်၊ ကုလားသိမ်ကျေးရွာအနီး ပင်လယ်ပြင်အတွင်း ငါးဖမ်းနေစဉ် အကြမ်းဖက်စစ်တပ်၏နေဗီနှစ်စီးက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆင်တက်မော်ကျေးရွာသားတစ်ဦးက "ငါးဖမ်းနေတဲ့အချိန်မှာ စစ်နေဗီက ဖမ်းသွားတာပါ။ ဘာအပြစ်မှလည်း လုပ်ထားတာမရှိဘူး။ ဒီနေ့ဆို ကိုးရက်အထိရှိနေပါပြီ။ ပြန်လည်း လွှတ်မပေးဘူး။ အဆက်အသွယ်လည်း မရသေးပါဘူး။ သူတို့ မိသားစု‌တွေ တော်တော်ဒုက္ခရောက်နေကြပါတယ်"ဟု ပြောကြားသည်။

ဖမ်းဆီးခံခဲ့ရသည့်မွတ်ဆလင်ငါးဖမ်းသမားများသည် အသက် ၁၃ နှစ်မှ ၅၀ နှစ်အထိ အမျိုးသားများဖြစ်ကြပြီး သူတို့အား စစ်တွေမြို့၊ အမှတ် ၁ ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

"ကျွန်တော်တို့ နေဗီကိုသွားမေးတယ်။ မင်းတို့လူတွေကို စစ်တွေရဲစခန်းမှချုပ်ထားတယ်လို့ ပြောတယ်။ စစ်တွေကိုလည်း ကျွန်တေယ်တို့ ဝင်လို့မရပါဘူး။ သွားခွင့်လည်းမပြုပါဘူး။ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး"ဟု ပြောဆိုသည်။

သူတို့ကို ယခုရက်ပိုင်းအတွင်း စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်နှစ်နှစ်ခွဲ ချမှတ်လိုက်ပြီဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြု၍ မရသေးပါ။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင်လည်း စစ်တွေပင်လယ်ပြင်အနီး ငါးဖမ်းထွက်သည့် ပေါက်တောမြို့နယ်၊ ချောင်းဝရွာနှင့် ကုန်တန်းရွာမှ ရခိုင်အမျိုးသား ရေလုပ်သား ခုနစ်ဦးကို အကြမ်းဖက်စစ်တပ်၏နေဗီက သေနတ်များဖြင့် ပစ်ခတ်ပြီး စပိဘုတ်များဖြင့် လာရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

သူတို့ခုနစ်ဦးသည်လည်း စစ်တွေမြို့ရှိ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

အကြမ်းဖက်ရေတပ်သည် စက်တင်ဘာလ ၉ ရက်နေ့ကလည်း စစ်တွေ-ပေါက်တော၊ ဖရုံကာကျွန်း-ကျောက်ဖြူ အစရှိသည့် ရေလမ်းကြောင်းများတွင် ငါးဖမ်းထွက်နေသည့် ဒေသခံငါးဖမ်းစက်လှေသုံးစီးကို ဖမ်းဆီးသွားခဲ့ကြောင်းလည်း သိရှိရသည်။

ပေါက်တောမြို့နယ်၊ မြေငူကျွန်း၊ ဖဒူကျွန်း၊ အင်ကြင်းချိုင်ကျွန်း စသည့် ကျွန်းသုံးကျွန်းမှပြည်သူများသည် ရေလုပ်ငန်းဖြင့် အသက်မွေးကြသည်ဟု သိရသည်။

အဆိုပါငါးဖမ်းသမားများကို ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အကြား စစ်တပ်နေဗီများက မကြာခဏဖမ်းဆီးနေ၍ ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံနေရသည်ဟု ဒေသခံရေလုပ်သားများက ပြောသည်။

March 24, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော်နှင့် စစ်ရေးတင်းမာနေသည့် ရခိုင်ပြည် မြို့တော်စစ်တွေတွင်...
March 23, 2026
ရခိုင်တွင် အာရက္ခအမျိုးသားတက္ကသိုလ်ကို အာရက္ခအမျိုးသားပညာရေးဌာနက မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး...
ဓာတ်ပုံ - ပုံဟောင်း
March 21, 2026
နှင်းနွယ်နီ - ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသော်လည်း စစ်ကော်မရှင်က...
March 20, 2026
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အာရက္ခတပ်တော်(AA)...