ကလေးမြို့နယ်ကြံသာကျေးရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ခဲ့တယ်လို့ သိရ

ကလေးမြို့နယ်ကြံသာကျေးရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ခဲ့တယ်လို့ သိရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကဘော်၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွေမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Chinland Defense Force (Kalay-Kabaw-Gangaw) CDF -KKG ထိန်းချုပ်ထားတဲ့ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာကို စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ပြန်ထိန်းချုပ်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရှိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးပြောတာက “၂၀ ရက်နေ့ မနက်က ပါသွားတာ စကစတွေက ခွဲပြီး ပတ်ဝင်လာတာ ဒရုန်းနဲ့ ဖိအားပေးချိန် ကိုယ့်ဘက်က ပစ်အားလျော့ချိန် ရွာထိပ်ပိုင်းကနေ ပြည်သူ့စစ်တွေကို ရှေ့ကတက်ခိုင်းပြီး အလုံးအရင်းနဲ့ ဖောက်ဝင်လာတာ KKG တပ်ရင်း (၇) ဘက်က တစ်ဦးကျ၊ တစ်ဦး အရှင်ဖမ်းခံရတယ် လက်ရှိ ကြံသာထဲမှာ မိုင်းထောင်တာ ကာကင်းထုတ်၊ တပ်စွဲဖို့ ပြင်နေကြတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ငါးလကျော်အကြာ ထိန်းချုပ်ထားတဲ့ ကလေးမြို့နယ် တောင်ပိုင်း ကြံသာကျေးရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ် ၁၀ ကြိမ်ထက်မနည်း လုပ်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဘက်က ခုခံရင်း ပြန်ဆုတ်ခွာပေးလိုက်ရတာလို့ သိရပါတယ်။

ကလေးမြို့နယ် ကြံသာကျေးရွာကို CNF/A လက်အောက်ခံ CDF -KKG ပူးပေါင်းတပ်ဖွဲ့တွေက Major Operation အဖြစ် ၂၀၂၅ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်ကနေ ကလေးနဲ့ ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီအခြေစိုက် စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တောနဲ့ အောင်သာယာ( အရှေ့၊ အနောက်) တို့ကို စစ်ဆင်ရေးပြုလုပ် သိမ်းပိုက်ခဲ့ပြီးနောက် ဧပြီလ ၁၁ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအားကောင်းတဲ့ ကြံသာကျေးရွာဟာ မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် အထက်ပိုင်း ပျူစောထီး၊ ပြည်သူ့စစ်တွေ အားကောင်းတဲ့ ဟံသာဝတီရွာ အနီးမှာတည်ရှိပြီး စစ်ရေးအရ ဗျူဟာကျတဲ့ နေရာမှာတည်ရှိတယ်လို့လည်း သိရပါတယ်။

March 2, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တပ်သားစုဆောင်းရာမှာ ဝေဖန်သံတွေ အွန်လိုင်းပေါ်ရောက်မှာ...
February 28, 2026
နှစ်ရှည်လများ အမှောင်ချခံထားရတဲ့ လွတ်မြောက်နယ်မြေဒေသတွေထဲ ချင်းပြည်နယ်ထဲက ဖလမ်း၊ ကန်ပက်လက်၊...
February 26, 2026
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ အိန္ဒိယ - မြန်မာ ( ပလက်ဝ...
February 25, 2026
“စစ်ကော်မရှင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ‘...