စစ်ကောင်စီက အတင်းအဓမ္မပေါ်တာဆွဲခဲ့တဲ့ လူငယ် ၁၄ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ကလေးခရိုင် ပကဖထံ အလင်းဝင်

စစ်ကောင်စီက အတင်းအဓမ္မပေါ်တာဆွဲခဲ့တဲ့ လူငယ် ၁၄ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ကလေးခရိုင် ပကဖထံ အလင်းဝင်
Photo credit - ကလေးခရိုင် ပကဖ
Photo credit - ကလေးခရိုင် ပကဖ

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံး ဒရုန်းတပ်ဖွဲ့ (Wing of Kalay) ထံ ဇူလိုင်လနဲ့ သြဂုတ်လအတွင်း စစ်ကောင်စီရဲ့ အတင်းအဓမ္မပေါ်တာဆွဲခံရတဲ့ တိုင်းရင်းသားလူငယ်လူရွယ် ၁၄ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဝင်ရောက်ခိုလှုံခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံး Drone တပ်ဖွဲ့ (Wing of Kalay) ထံဝင်ရောက်လာတဲ့ တိုင်းရင်းသား လူငယ်လူရွယ်တွေက ၎င်းတို့ ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းများဖြစ်သည့် MA-3 အမျိုးအစားလက်နက်ငယ် (၅) လက်၊ MA-1 အမျိုးအစား လက်နက်ငယ် ( ၂ ) လက်၊ လက်ပစ်ဗုံးသီး (၉) လုံး၊ ၆၀ မမ လက်နက်ကြီးကျည် (၄) ဖူး၊ အီနာဂါ (၃) လုံး၊ ကျည်ဘောက် (၁၅) ဘောက်၊ ၅.၅၆ ကျည် (၁၂၀၀) တောင့် တို့နှင့်အတူ ဝင်ရောက်ခိုလှုံခဲ့တာလို့ ဆိုပါတယ်။

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရုံးအနေဖြင့် မိမိတို့ ခရိုင် ပကဖ Drone တပ်ဖွဲ့ (Wing of Kalay) တပ်ဖွဲ့ထံ အားကိုး၍ ဝင်ရောက်ခိုလှုံလာသော တိုင်းရင်းသားလူငယ်လူရွယ် များအား အရေးပေါ် ဆုတော်ငွေအဖြစ် တစ်ဦးလျှင် ငွေကျပ် သိန်းသုံးဆယ် (၃၀ သိန်းကျပ်) ချီးမြှင့်ခဲ့ပြီး ၎င်းတို့ကလည်း မိမိတို့တော်လှန်ရေးရဲဘော် များနှင့်အတူ စစ်မိစ္ဆာများအား ပြန်လည်တိုက် ခိုက်လျှက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် နေရာတိုင်းမှာ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီက တိုင်းရင်းသားလူငယ် လူရွယ်တွေကို လက်နက်အားကိုး အဓမ္မပေါ်တာဆွဲပြီး စစ်မြေပြင်တွင် အသေခံစေကာ စစ်အာဏာရှင် သက်ဆိုးရှည်စေရေးအတွက် လူမဆန်စွာ မိုက်တွင်းနက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Most read this week

September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...