စဥ့်ကူးရွှေမှော်မှ ၇ ဦးကို စစ်ကော်မရှင်တပ် မီးရှို့သတ်ဖြတ် ၊ လူငယ် ၁ ဦးလွှတ်မြောက်လာ

စဥ့်ကူးရွှေမှော်မှ ၇ ဦးကို စစ်ကော်မရှင်တပ် မီးရှို့သတ်ဖြတ် ၊ လူငယ် ၁ ဦးလွှတ်မြောက်လာ

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ စဉ့်ကူးနယ် ရွှေမှော်မှ ပြန်လာသူ ဒေသခံ အမျိုးသား ခုနစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးနှိပ်စက်၍ မီးရှို့ သတ်ဖြတ်ခဲ့ရာ အသက် ၁၅ နှစ် အရွယ်အမျိုးသား တဦး လွတ်မြောက်လာခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူးများအဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်တွင် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းအတိုင်း ဆိုင်ကယ်များဖြင့် ပြန်လာသည့် ဌက်ပျောတိုင်းရွာဟောင်း ဒေသခံ အမျိုးသားများသည် နေ့လယ် ၃ နာရီ ဝန်းကျင် ဘူးကုန်းလမ်းခွဲအရောက်တွင် စစ်ကော်မရှင်တပ်ဖွဲ့ ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် ဖမ်းဆီးထားသူများကို ဘူးကုန်းရွာ ဘုန်းကြီးကျောင်းအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး လေးရက်ဆက် အစားအသောက် မကျွေးဘဲထားခဲ့သည်ကို ထွက်ပြေးလွတ်မြောက်လာသူ၏ ပြောကြားချက်အရ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ထို့နောက် စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် ဖမ်းဆီးထားသူများကို လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြင့် ကားတာယာများ စုပုံထာသည့် အပေါ် သို့ တက်ခိုင်းပြီး မေ့မျောသည်အထိ ရိုက်နှက်ကာ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဖြစ်ရပ်မှ လွတ်မြောက်လာသူက ပြောသည်။

“ခေါင်းတွေကို တုတ်တွေနဲ့ရိုက်တယ်။ မေ့မျောလို့ မပြေးနိုင်တော့ဘူးဆိုမှ မီးရှို့ပစ်ထားခဲ့တာ။ အဲ့ထဲမှာ ကျွန်တော်က ကံကာင်းပြီး သတိရလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ” ဟု၎င်းက ပြောသည်။

သတ်ဖြတ်ခံရသူများမှာ ဦးစိုးတင့်(၄၅ နှစ် )၊ ကိုချစ်သဲ‌မောင်(၂၃ နှစ် )၊ ကိုသန်း‌ဇော်ထွန်း(၂၃ နှစ် )၊ ကိုရီ‌ဝေမိုး (၁၈နှစ်)၊ ကိုမိုးသက်ခ(၁၆ နှစ်) နှင့် ကိုချမ်းဖြိုးဝေ (၁၄ နှစ်) တို့ ဖြစ်ကြရာ အသက်မပြည့်သေးသူ လူငယ် နှစ်ဦးပါဝင်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြသည့် စာရင်းများအရ သိရသည်။

သတ်ဖြတ်ခံရသူများ၏ ရုပ်အလောင်းများ ရရှိရေးအတွက်ကိုမှု ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အဲ့ဘက်က စကစ (စစ်ကော်မရှင်) တပ်တွေ ထိုင်နေဆဲဖြစ်တယ် ဝင်လို့ မရဘူး” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ဩဂုတ်လအတွင်းမှ စ၍ ရွှေဘို-မြစ်ကြီးနား ဗျူဟာ လမ်းပိုင်း အလုံစုံစိုးမိုးနိုင်ရေး ပိုမိုလုပ်ဆောင်လာနေပြီး စစ်ကော်မရှင်တပ်သည် ရေကြည်ဦး၊ ဘူးကုန်းရွာလမ်းခွဲ၊ ဇီးကုန်း-မလယ်

လမ်းဆုံနေရာများ တွင် ထပ်တိုးနေရာများ ရယူကာ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း များ ပြုလုပ်နေသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် သတိပြုသွားလာကြဖို့ အတွက်ကိုလည်း ဒေသခံ အဖွဲ့အစည်းများက သတိပေးထားသည်။

Most read this week

January 23, 2026
MTO — မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့်...
ဓာတ်ပုံ - ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂ဝ၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (AFP)
January 22, 2026
ဓါတု — ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တနှစ်တာအတွင်း အရပ်သား ၂,၀၃၅ ဦးကို...
စည်သူပလပ်ကျွတ်ကို ၎င်း၏ တစ်တော့အကောင့်တွင် ယနေ့ (ဇန်နဝါရီ ၂၀ ရက်) ညနေပိုင်းက တင်ထားသော ပိုစ့်၌တွေ့ရစဉ် ။
January 21, 2026
ဂျူချန်း — ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက်...
January 20, 2026
ဟန်ထူးဇော် — DKBA နာယက စောစတီး၏ သား ဗိုလ်မှူးကြီးစောအဲ့လယ်ထူး ဦးဆောင်သည့် Deeko Park...