ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာမှ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်၍ ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရဟု AA ထုတ်ပြန်

ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာမှ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်၍ ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရဟု AA ထုတ်ပြန်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာရှိ ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းကို အကြမ်းဖက် မြန်မာလေတပ်က ဗုံးကြဲတိုက်ခိုက်သည့်အတွက် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။  

ဒေသခံရွာသားတစ်ဦးက “တရက်တပင်ကျေးရွာက ကလေးတွေနေတဲ့ ပညာသင်ကျောင်းတစ်ခုကို ပေါင် ၅၀၀ နှစ်လုံး ချပါတယ်။ ပညာပန်းခင်းဘော်ဒါဆောင်ပါ။ ကျောင်းသား အယောက်  ၂၀ ကျော် သေနေပါပြီ” ဟု ပြောကြားသည်။

နိရဉ္စရာက ရရှိသည့် ဓာတ်ပုံအရ သေဆုံးနေသည့် ကလေးငယ်များကို သုဿန်ဇရပ်တွင် စုထားသည်ကို တွေ့ရသည်။

အာရက္ခတပ်တော် (AA)ကလည်း ကျောင်းသား ကျောင်းသူ ၁၈ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း များမကြာခင်က သတင်း ထုတ်ပြန်သည်။  

ယနေ့ စက်တင်ဘာလ ၁၂ ရက်၊ ညဉ့် ၁ နာရီကျော် ညသန်းခေါင်အချိန်တွင် လေကြောင်းကနေ ပေါင် (၅၀၀) ဗုံး နှစ်လုံး လာရောက် ဗုံးကြဲချခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

၎င်းဗုံး နှစ်လုံးမှာ သရက်တပင်ရွာအတွင်း ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်သို့ ကျရောက်ထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။  

၎င်းပေါင် (၅၀၀) ဗုံးနှစ်လုံးကြောင့် ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားများနှင့် ကျောင်းအနီးအနားက ကလေးငယ်တချို့ အပါအဝင် စုစုပေါင်း (၁၈) ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးကာ (၂၀) ကျော် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းများကို ကိုးကား ဖော်ပြထားသည်။

ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...