ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာမှ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်၍ ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရဟု AA ထုတ်ပြန်

ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာမှ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်၍ ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရဟု AA ထုတ်ပြန်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာရှိ ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းကို အကြမ်းဖက် မြန်မာလေတပ်က ဗုံးကြဲတိုက်ခိုက်သည့်အတွက် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။  

ဒေသခံရွာသားတစ်ဦးက “တရက်တပင်ကျေးရွာက ကလေးတွေနေတဲ့ ပညာသင်ကျောင်းတစ်ခုကို ပေါင် ၅၀၀ နှစ်လုံး ချပါတယ်။ ပညာပန်းခင်းဘော်ဒါဆောင်ပါ။ ကျောင်းသား အယောက်  ၂၀ ကျော် သေနေပါပြီ” ဟု ပြောကြားသည်။

နိရဉ္စရာက ရရှိသည့် ဓာတ်ပုံအရ သေဆုံးနေသည့် ကလေးငယ်များကို သုဿန်ဇရပ်တွင် စုထားသည်ကို တွေ့ရသည်။

အာရက္ခတပ်တော် (AA)ကလည်း ကျောင်းသား ကျောင်းသူ ၁၈ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း များမကြာခင်က သတင်း ထုတ်ပြန်သည်။  

ယနေ့ စက်တင်ဘာလ ၁၂ ရက်၊ ညဉ့် ၁ နာရီကျော် ညသန်းခေါင်အချိန်တွင် လေကြောင်းကနေ ပေါင် (၅၀၀) ဗုံး နှစ်လုံး လာရောက် ဗုံးကြဲချခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

၎င်းဗုံး နှစ်လုံးမှာ သရက်တပင်ရွာအတွင်း ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်သို့ ကျရောက်ထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။  

၎င်းပေါင် (၅၀၀) ဗုံးနှစ်လုံးကြောင့် ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားများနှင့် ကျောင်းအနီးအနားက ကလေးငယ်တချို့ အပါအဝင် စုစုပေါင်း (၁၈) ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးကာ (၂၀) ကျော် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းများကို ကိုးကား ဖော်ပြထားသည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...