ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ
Photo - CJ
Photo - CJ

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင်းရှိ ခါပန်းရွာကို စစ်ကောင်စီတပ်က မနေ့ည ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CDF – Kanpetlet တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

CDF – Kanpetlet တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက “ည ၁၂ နာရီဝန်းကျင်လောက်မှာ ကန်ပက်လက်မြို့နယ်အတွင်းက ခါပန်းရွာကို စကစက လေကြောင်းနဲ့ ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ပါတယ် ရွာထဲမှာရှိတဲ့ အရပ်သားပြည်သူတစ်ယောက်ပဲ အနည်းငယ် မစိုးရိမ်ရ ထိခိုက်တာရှိပါတယ် ကျန်တာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် CDF – Kanpetlet တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီဘက်က ယခုနှစ် အစပိုင်းကနေ လက်ရှိအချိန်အထိလေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်

လုပ်ခဲ့လို့ အရင်ကလည်းအရပ်သားထိခိုက်မိတာတွေ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။

Most read this week

January 23, 2026
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်...
January 22, 2026
ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ်...
January 20, 2026
ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန်...
January 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ရပ်ရွာလုံခြုံရေးအပြာဝတ်တွေ ပျူစောထီးတွေ၊ရဲတွေက...