ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ
Photo - CJ
Photo - CJ

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင်းရှိ ခါပန်းရွာကို စစ်ကောင်စီတပ်က မနေ့ည ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CDF – Kanpetlet တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

CDF – Kanpetlet တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက “ည ၁၂ နာရီဝန်းကျင်လောက်မှာ ကန်ပက်လက်မြို့နယ်အတွင်းက ခါပန်းရွာကို စကစက လေကြောင်းနဲ့ ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ပါတယ် ရွာထဲမှာရှိတဲ့ အရပ်သားပြည်သူတစ်ယောက်ပဲ အနည်းငယ် မစိုးရိမ်ရ ထိခိုက်တာရှိပါတယ် ကျန်တာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် CDF – Kanpetlet တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီဘက်က ယခုနှစ် အစပိုင်းကနေ လက်ရှိအချိန်အထိလေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်

လုပ်ခဲ့လို့ အရင်ကလည်းအရပ်သားထိခိုက်မိတာတွေ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...