ပိုင်ကျုံ နော်တခီးရွာ ကရင်စာသင်ကျောင်း အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ

ပိုင်ကျုံ နော်တခီးရွာ ကရင်စာသင်ကျောင်း အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ)မြို့နယ်၊ ပိတခါ့ကျေးရွာအုပ်စု၊ နော်တခီးကျေးရွာ၊ ကရင် ပညာရေးနှင့်ယဥ်ကျေးမှုဌာန-KECD စာသင်ကျောင်းကို ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့ နံနက်ပိုင်းတွင် အာဏာသိမ်း စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဆရာ၊ ဆရာမ နှင့် ကျောင်းသား စုစုပေါင်း (၃) ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများနှင့် ကေအဲန်ယူထံမှ သိရသည်။

နောင်တခီးရွာရှိ အမှတ် (၇၀၈၂) ကော်သူးလေ အခြေခံပညာ အလယ်တန်းစာသင်ကျောင်းသို့ ယနေ့ နံနက် ၉ နာရီ ဝန်းကျင် စာသင်ချိန်အတွင်း ကာမီကာဇေအမျိုးအစား ဒရုန်းတစ်စင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းရှိ ဆရာ၊ ဆရာမနှင့် ကျောင်းသားတစ်ဦးတို့ မစိုးရိမ်ရသည့် ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တက်လာတာတော့ ဒရုန်းသုံးစင်းလို့ ကြားတယ်။ တကယ်တမ်း ကျတာတော့ တစ်စင်းပဲ။ ဆရာ တစ်ယောက်၊ ဆရာမ တစ်ယောက်နဲ့ ကျောင်းသားလေးတစ်ယောက် ဒဏ်ရာရတယ်။ ကျောင်းထိခိုက် ပျက်စီးတာတွေကိုတော့ လောလောဆယ် သေချာမသိရသေးဘူး” ဟု အဆိုပါဒေသခံက ကေအိုင်စီကိုပြောသည်။

အာဏာသိမ်း စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကျောင်းရုံးခန်း၊ ကျောင်းခေါင်မိုး နေရာများ ပျက်စီးသွားသည်ဟု ကေအဲန်ယူ(ဗဟို)က သတင်းထုတ်ပြန်ထားသည်။

လက်ရှိ ပိုင်ကျုံမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းတွင် ဒရုန်းဖြင့်တိုက်ခိုက်ပြီးနောက် စစ်အုပ်စုလေယာဉ်များ ပျံဝဲ နေသည့်အတွက် ဒေသခံများ လေကြောင်းရန် သတိထားနေထိုင်နေရသည်ဟု မြေပြင်ရှိ ဒေသခံများက ပြောသည်။

ကေအဲန်ယူ၊ တပ်မဟာ(၇)နယ်မြေအတွင်း ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှ ယခု ၂၀၂၅ ခုနှစ်နှစ်လည်ပိုင်းထိ စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်းရှိခဲ့သည်။ ထို့အပြင် တပ်မဟာ(၇) ဌာနချုပ်နယ်မြေ၊ ကလို့ယော်လေးဒေသသို့ ဩဂုတ် ၁၀ ရက်နေ့ ညဦးပိုင်းတွင် လေကြောင်းဖြင့် ဗုံး ၂၀ လုံးကျော် ကြဲချတိုက်ခိုက် ခဲ့သည်။ 

Most read this week

ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...
ဓာတ်ပုံ - CJ
August 18, 2026
ကရင်ပြည်၊ မြဝတီမြို့ တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အမှတ် (၉၁၅)...
ဓါတ်ပုံ - CJ
August 17, 2026
ကရင်ပြည်၊ ဖာပွန်မြို့သို့ စစ်ကူတက်လာသည့် စစ်အုပ်စုတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး...
August 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)...