မတူပီမြို့နယ်မှာ တပ်သားသစ်စုဆောင်းနေတာကြောင့် ဒေသခံလူငယ်တွေ ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ သိရ

မတူပီမြို့နယ်မှာ တပ်သားသစ်စုဆောင်းနေတာကြောင့် ဒေသခံလူငယ်တွေ ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ သိရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မတူပီမြို့ကိုထိန်းချုပ်ထားတဲ့ မတူပီ တော်လှန် ရေးအဖွဲ့ချုပ် (MRO / CDF – Matupi) တပ်ဖွဲ့က အသက် ၁၆ နှစ်နဲ့အထက် လူငယ်တွေကို တပ်သားသစ် စုဆောင်းနေတာကြောင့် လူငယ်တွေ တောတောင်တွေထဲနဲ့ တခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မတူပီဒေသခံတွေက ပြောပါတယ်။

မတူပီဒေသခံတစ်ဦးက “အခုလက်ရှိမှာလည်း ဖမ်းနေတယ် ပြီးခဲ့တဲ့ ၁၇ ရက်နေ့ဝန်းကျင်လောက်ကလည်း လွီဗန်းရွာမှာ ကျောင်းနေအရွယ် ၁၆ နှစ်အထက်တွေကို ဖမ်းဆီးခဲ့တယ်။ ဆရာ၊ ဆရာမတွေလည်း ဝင်တားတယ်။ မရဘူး။ စုစုပေါင်း ၁၁ ယောက်ပါသွားတယ်။ ကျောင်းဆရာ ၂ ယောက်နဲ့ဆို စုစုပေါင်း ၁၃ ယောက် ဖမ်းသွားတယ်။ ကျောင်းတွေလည်း အကုန်ပိတ်ထားရတယ်။ လက်ရှိလူငယ်တွေတချို့ဆို တောတောင်ထဲ ပုန်းရှောင်ကြသလို တချို့ကြတော့ ရေဇွာဘက်ကို ဦးတည်ပြီး ထွက်ပြေးတဲ့သူတွေလည်းရှိတယ်” လို့ ပြောပါတယ်။

အခုလက်ရှိမှာလည်း MRO / CDF – Matupi တပ်ဖွဲ့က မတူပီမြို့နယ်တွင်းက ခွာဟုန်းရွာ၊ ဒိုင်နှမ်း၊ ဘွေရိန်းတွေမှာ တပ်သားစုဆောင်းနေပြီး အလိုက်တသိနဲ့ လာရင် စစ်မှုထမ်းကာလ ၃ နှစ် ထမ်းဆောင်ရမှာဖြစ်ပြီး မလိုက်ချင်ရင် ၆ နှစ် ထမ်းရမယ်လို့ ခြိမ်းခြောက်တာမျိုးလည်း ရှိနေတဲ့အကြောင်း ဒေသခံတစ်ချို့က ပြောပါတယ်။

အသက် ၁၆ နှစ်ကနေ အသက် ၄၀ နှစ်ရှိသူတွေ အားလုံး စစ်မှုထမ်းရမယ်လို့ သိရပြီး တပ်သားသစ် သတ်မှတ်ချက်တွင် အကြုံးဝင်တဲ့ လူပုဂ္ဂိုလ်တွေကို ထွက်ပြေးတိမ်းရှောင်ဖို့ ကူညီပူးပေါင်း လုပ်ဆောင်သူတွေကိုလည်း အရေးယူမယ်လို့ လည်း သိရပါတယ်။

လက်ရှိမတူပီမြို့နယ်အတွင်း စစ်သားစုဆောင်းတာတွေ နဲ့ပတ်သက်ပြီး MRO / CDF – Matupi ဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာမျိုးတော့ မရှိသေးပါဘူး။

ချင်းညီနောင်အဖွဲ့ဝင် MRO / CDF – Matupi တပ်ဖွဲ့ဟာ မဟာမိတ်အင်အားစုတွေနဲ့ အတူ ပူးပေါင်းပြီး မတူပီမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ ဇွန်လ ၂၉ ရက်နေ့ မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

Most read this week

February 13, 2026
ဟားခါးမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှု ရဲအရာရှိအပါအဝင် တပ်သား ၃ ဦး ပွဲချင်းပြီးသေ...
February 12, 2026
အာဏာသိမ်း စစ်အုပ်စု ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကနေ ပေါ်ပေါက်လာမယ့် ပြည်ထောင်စု...
February 11, 2026
ချင်းပြည်နယ်၊ ထန်တလန်၊မတူပီနဲ့ဟားခါးမြို့နယ်တွေက လောက်တူမျိုးနွယ်စုဒေသမှာ ငရုတ်သီးအခြောက်...
February 10, 2026
ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့၊...