ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ နဲ့ PNO တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး၊ PNO စစ်သုံ့ပန်းတစ်ဦး ဖမ်းမိ

ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ နဲ့ PNO တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး၊ PNO စစ်သုံ့ပန်းတစ်ဦး ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် PNO တပ်တို့ နဲ့ တော်လှန်ရေး တပ်ဖွဲ့ ဖြစ်တဲ့ ရှမ်းတောင် အမှတ် (၁၀၀၅) တပ်ရင်းနဲ့ ရှမ်းတောင်မဟာမိတ်ပူးပေါင်းတပ်ရင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီ နဲ့ PNO တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး PNO စစ်သုံ့ပန်းတစ်ဦး ဖမ်းမိခဲ့တယ်လို့ ရှမ်းတောင် အမှတ်(၁၀၀၅) တပ်ရင်းအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ တိုက်ပွဲ စဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲက ၆ရက်နေ့မှာစပါတယ်။ ဆီဆိုင်မြို့နယ် ကောင်ထိုရွာကို စစ်ကောင်စီနဲ့ PNO စစ်ကြောင်းဝင်လာလို့ စဖြစ်တာပါ။ ၇ရက်မှာ မြေပြင်ထိတွေ့ပြီး မျက်မြင်အရ သေဆုံးတာ ၂၀ ရှိပါတယ်။ ဒဏ်ရာရတာတွေနဲ့ ဒဏ်ရာကြောင့်သေဆုံးနိုင်တာတွေရှိပေမဲ့ အတိအကျတော့ မသိရဘူး။”လို့ ရှမ်းတောင် ၁၀၀၅ တပ်ရင်းအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ရှမ်းတောင် အမှတ်(၁၀၀၅)တပ်ရင်းမှ ရဲဘော်(၂) ဦး၊ မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်(၄) ဦး စုစုပေါင်း (၆) ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ အမှတ်(၁၀၀၅) တပ်ရင်း ရှမ်းတောင်တပ်ဖွဲ့က ထုတ်ပြန်ထားတာရှိပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ နဲ့ PNO ဖက်မှ အင်အား ၂၀၀ ကျော် စစ်ကြောင်းထိုးခဲ့သလို၊လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဆမတန် အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမြေပြင်မှာတော့ နှစ်ဖက် တိုက်ပွဲမဖြစ်တော့ပေမဲ့ ရှေ့ဆက်တိုက်ပွဲတွေအတွက် ဒရုန်း ၊ ဒရုန်းဗုံးသီး နဲ့ ရိက္ခာပါ လိုအပ်ချက်ရှိနေသေးတာကြောင့် ပြည်သူလူထုတွေအနေနဲ့ ပါဝင်ပေးကြဖို့ ကိုလည်း ရှမ်းတောင် အမှတ်(၁၀၀၅) တပ်ရင်းအဖွဲ့ရဲ့ တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

Most read this week

February 13, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် က အပြင်းအထန်...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
February 12, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့...
February 11, 2026
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ...
February 10, 2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ...