ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ နဲ့ PNO တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး၊ PNO စစ်သုံ့ပန်းတစ်ဦး ဖမ်းမိ

ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ နဲ့ PNO တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး၊ PNO စစ်သုံ့ပန်းတစ်ဦး ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် PNO တပ်တို့ နဲ့ တော်လှန်ရေး တပ်ဖွဲ့ ဖြစ်တဲ့ ရှမ်းတောင် အမှတ် (၁၀၀၅) တပ်ရင်းနဲ့ ရှမ်းတောင်မဟာမိတ်ပူးပေါင်းတပ်ရင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီ နဲ့ PNO တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး PNO စစ်သုံ့ပန်းတစ်ဦး ဖမ်းမိခဲ့တယ်လို့ ရှမ်းတောင် အမှတ်(၁၀၀၅) တပ်ရင်းအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ တိုက်ပွဲ စဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲက ၆ရက်နေ့မှာစပါတယ်။ ဆီဆိုင်မြို့နယ် ကောင်ထိုရွာကို စစ်ကောင်စီနဲ့ PNO စစ်ကြောင်းဝင်လာလို့ စဖြစ်တာပါ။ ၇ရက်မှာ မြေပြင်ထိတွေ့ပြီး မျက်မြင်အရ သေဆုံးတာ ၂၀ ရှိပါတယ်။ ဒဏ်ရာရတာတွေနဲ့ ဒဏ်ရာကြောင့်သေဆုံးနိုင်တာတွေရှိပေမဲ့ အတိအကျတော့ မသိရဘူး။”လို့ ရှမ်းတောင် ၁၀၀၅ တပ်ရင်းအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ရှမ်းတောင် အမှတ်(၁၀၀၅)တပ်ရင်းမှ ရဲဘော်(၂) ဦး၊ မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်(၄) ဦး စုစုပေါင်း (၆) ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ အမှတ်(၁၀၀၅) တပ်ရင်း ရှမ်းတောင်တပ်ဖွဲ့က ထုတ်ပြန်ထားတာရှိပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ နဲ့ PNO ဖက်မှ အင်အား ၂၀၀ ကျော် စစ်ကြောင်းထိုးခဲ့သလို၊လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဆမတန် အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမြေပြင်မှာတော့ နှစ်ဖက် တိုက်ပွဲမဖြစ်တော့ပေမဲ့ ရှေ့ဆက်တိုက်ပွဲတွေအတွက် ဒရုန်း ၊ ဒရုန်းဗုံးသီး နဲ့ ရိက္ခာပါ လိုအပ်ချက်ရှိနေသေးတာကြောင့် ပြည်သူလူထုတွေအနေနဲ့ ပါဝင်ပေးကြဖို့ ကိုလည်း ရှမ်းတောင် အမှတ်(၁၀၀၅) တပ်ရင်းအဖွဲ့ရဲ့ တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

Most read this week

January 26, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဝါဘန်းပလို (Leadership Promotion Department –...
January 23, 2026
ကရင်နီပြည်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် သုံးခုမှာ အမည်စာရင်းတင်သွင်းထားတဲ့ ရွေးကောက်ခံ...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 22, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး...
ဓာတ်ပုံ - Thai PBS North
January 21, 2026
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...