ပုသိမ်ထောင်မှာ အကျဉ်းကျနေတဲ့ ပလက်ဝမြို့နယ်က ဒေသခံ ၁၆ ဦး ဒီကနေ့မနက်မှာ ပြန်လွတ်လာတယ်လို့သိရ

ပုသိမ်ထောင်မှာ အကျဉ်းကျနေတဲ့ ပလက်ဝမြို့နယ်က ဒေသခံ ၁၆ ဦး ဒီကနေ့မနက်မှာ ပြန်လွတ်လာတယ်လို့သိရ

နိုင်ငံရေးအမှုနဲ့ ပုသိမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာက ဒေသခံ အမျိုးသား ၁၉ ဦးထဲကနေ အမျိုးသား ၁၆ ဦးတို့ဟာ ဒီကနေ့ မနက်ပိုင်း သြဂုတ်လ ၁ ရက်နေ့မှာ ပြန်လွတ်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “သူတို့ဒီကနေ့မနက်ပိုင်းမှာ ပြန်လွတ်လာပြီ လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးတာပေါ့။ ၁၉ ဦးမှာ ၁၆ ဦးက ၄ နှစ်စီ ထောင်ချခံရသူတွေပေါ့။ ကျန်တဲ့ ၃ ဦးက ၇ နှစ်စီ အမှုချမှတ်ထားတော့ မလွတ်သေးဘူး။ အခုလွတ်လာတဲ့ ၁၆ ဦးက ပုသိမ်ကနေ ရန်ကုန်ပြန်နေကြပြီ အားလုံးကျန်းကျန်းမာမာပဲလို့ သိရတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ရွာ မင်္ဂလာဆောင်ပွဲမှာ ရှိနေချိန် CDF တွေ ရွာထဲရောက်နေတယ်ဆိုပြီး ဒေသခံ အမျိုးသား ၁၉ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ပုဒ်မ - ၅၂ ( က) ဖြင့် ၂၀၂၂ ခုနှစ်မှာ ၁၉ ဦးထဲမှာ ၁၆ ဦးကို ၄ နှစ်နဲ့ ၃ ဦးကို ထောင်ဒဏ် ၇ နှစ် စစ်ကောင်စီက မတရားထောင်ချခဲ့ကာ စစ်တွေအကျဉ်းထောင်ကိုပို့ခဲ့တာဖြစ်ပြီး နောက်ပိုင်း စစ်တွေမှာ တိုက်ပွဲအခြေအနေတွေကြောင့် ပုသိမ်အကျဉ်းထောင်ကို ပို့ခံခဲ့ရတာဖြစ်တယ်လို့လည်း နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

နီးစပ်တဲ့ဒေသခံတစ်ဦးက “၄ နှစ်စီချတာက ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်မှာ လွတ်ရက်စေ့ပေမယ့် စစ်တွေထောင်ကနေ ပုသိမ်ထောင်ပြောင်းပို့ခံရတာနဲ့ မလွတ်နိုင်ခဲ့ကြပဲ ဒီကနေ့မှဘဲ ပြန်လွတ်လာတာမျိုးဖြစ်တယ်။ လက်ရှိ ပုသိမ်ထောင်မှာ နိုင်ငံရေးပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ၃ ဦးနဲ့ နောက်ထပ် ပလက်ဝဒေသခံ ၃ ဦး စုစုပေါင်း ၆ ဦးလောက်တော့ ကျန်ဦးမယ်လို့လည်း သိရတယ်” လို့ ပြောပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...