ကော့ကရိတ်မြို့တွင်းမှ ပြောင်းရွှေ့သူ နေ့စဉ်နီးပါး ရှိနေ

ကော့ကရိတ်မြို့တွင်းမှ ပြောင်းရွှေ့သူ နေ့စဉ်နီးပါး ရှိနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် နေထိုင်သည့် ဒေသခံများ မြို့တွင်း၌ အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက်နေမှု၊ လုံခြုံရေး စသည့် အထွေထွေကိစ္စရပ်များကြောင့် တခြားဒေသသို့ ပြောင်းရွှေ့ ထွက်ခွာသူ နေ့စဉ်နီးပါး ရှိနေသည်ဟု ကူညီပေးနေသူများက ပြောသည်။

ကော့ကရိတ်မြို့တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းနှင့် ဝင်ငွေနည်းလာခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းတို့ ကြောင့် မြို့ခံတို့ အခြားဒေသသို့ ပြောင်းရွှေ့ရန် နေစဉ်နီးပါး ထွက်ခွာနေခြင်း ဖြစ်သည်ဟု ကူညီပေးနေသူ တစ်ဦးက ယခုလို ပြောသည်။

“ပြီးခဲ့တဲ့အပတ်တုန်းကဆိုရင် တစ်ရက်တရက် မိသားစု တော်တာ်များများ ထွက်တယ်။ ဒီရက်ပိုင်းလည်း စစ်တပ်ဘက်က ကော့ကရိတ်လမ်းကို သူတို့ ပြန်ထိန်းချုပ်ပြီး ဆိုပေမယ့်လည်း မြို့မှာနေတဲ့လူတွေက မလုံခြုံ ဘူး။ ပြီးတော့ ဝင်ငွေမရှိ ကုန်စျေးနှုန်းကလဲ အဆမတန် မြင့်တက်တော့ နေတိုင်း ထွက်လာတာရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ကော့ကရိတ်မြို့ထဲတွင် ဆန်ကြမ်း တစ်အိတ်လျင် ကျပ် ၃၀၀,၀၀၀ ဝန်းကျင်ထိ ဈေးမြင့်တက်နေပြီး၊ မြို့ပြင် ဆန်ဈေးနှုန်းထက် နှစ်ဆကျော် မြင့်တက်လျက်ရှိသည်။ အလားတူ ငါးတစ်ပိဿာ ၄၀,၀၀၀ ကျပ်၊ ဆီတစ်လီ တာ ၃၅,၀၀၀ ကျပ် ကွမ်းသီးနှင့် ကွမ်းရွက် တစ်ပိဿာ ၁၀၀,၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်နေသည်ဟု မြို့တွင်းက ပြောင်းရွှေ့ထွက်ခွာလာသူများက ပြောသည်။

ယခုလို မြို့တွင်းမှ ပြောင်းရွှေ့ထွက်ခွာလာသူများကို စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများက စာရင်းမှတ်ထားသည့် အတွက် တချို့မြို့ခံများ မထွက်ခွာရဲကြသူများလည်း ရှိကာ မြို့တွင်း၌ ပစ္စည်းခိုးသူများလည်း များပြားနေသည် ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“နွားတွေ ခိုးခံရပြီး ဂေါက်ကွင်းဘက်နဲ့ ရေကူးကန်ဘက်နေရာတွေမှာ သူတို့ (စစ်ကောင်စီ တပ်ဖွဲ့ဝင်များ) အမဲပေါ် ပြန်ရောင်းနေကြတယ်။ ပိုင်ရှင် သွားပြန်ယူရင် ပြန်ရွေးရင်ရတယ်။ ပြီးတော့ မြို့ထဲမှာ သူခိုးတွေအရမ်း များတယ် ဘာမှ မပြောရဲဘူး” ဟု ၎င်း ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့တွင် ပြည်နယ် စစ်ကောင်စီ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် စစ်ကောင်စီ အဖွဲ့ဝင်များ ကော့ကရိတ်မြို့ ဒေါနခန်းမ၌ မြို့ခံများနှင့် တွေ့ဆုံပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး ထိုတွေ့ဆုံပွဲသို့ တက်ရောက် သူများထဲတွင် အများစုသည် အမျိုးသမီးများသာ ဖြစ်သည်ဟု သိရသည်။

March 23, 2026
သစ်တောများတိုးတက်ကောင်းမွန်ရန်နှင့် ထိန်းသိမ်းကာကွယ်ရန် ဌာနေတိုင်းရင်းသားများ၏...
March 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး၊ မင်းလက်ပံကျေးရွာနားတစ်ဝိုက် ပစ်ခတ်မှုများကြောင့်...
Photo: CJ
March 20, 2026
ထိုင်း-ကရင်နယ်စပ် မြဝတီမြို့တောင်ဘက်၊ ဖလူးဒေသရှိ၊ ပလောတပို့စစ်ဘေးရှောင်စခန်းနားတဝိုက်...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...