ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်းပစ်ခတ်ခံရမှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်းပစ်ခတ်ခံရမှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

တနိုင်းသွားလီဒိုလမ်းပေါ် ရှိ ဝါရာဇွပ်ကျေးရွာမှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်ပစ်ခတ်ခံရတာကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ဝါရာဇွပ်ကျေးရွာရှိ ရွာဘုန်းကြီးကျောင်းနေရာကို ရည်ရွယ်ချက်ရှိရှိ ဒရုန်းပစ်ခတ်လိုက်တာကြောင့် ကလေးငယ်အပါအဝင် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးအထိ ရှိခဲ့တယ်လို့ ဝါရာဇွပ်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

“ဝါရာဇွပ်ကျေးရွာမှာ ဒရုန်းပစ်ခံရလို့ ကျောင်းသား နှစ်ယောက်နဲ့ ၆ ယောက်က ထိခိုက်ဒဏ်ရာရသွားတယ်။ တစ်ချို့က ၇ ယောက်လို့တောင်ပြောတယ်။ ဝါရာဇွပ်ဘုန်းကြီးကျောင်းနေရာမှာကို တည့်တည့်ကျမှန်တာ။ ဒရုန်းက ၂ လုံးကျမှန်တယ်” လို့ ပြောပါတယ်။

ရွာဘုန်းကြီးကျောင်းမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေတယ်လို့ ထင်းမှားပြီး ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ ဝါရာဇွပ်ဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။

“အဲ့ကျောင်းထဲမှာက ဆင်းရဲသားကလေးတွေ ကျောင်းတက်နေတဲ့ ကလေးတွေအများကြီးရှိကြတယ်။ ဘုန်းကြီးကျောင်းထဲမှာ လူအရမ်းများနေတော့ KIA အဖွဲ့တွေရှိနေတယ်ထင်လို့ ပစ်လိုက်မှားလိုက်တာတဲ့။ ပြည်သူ့စစ်အဖွဲ့တွေ သွားပြောတော့ နှိပ်မှားလိုက်တာလို့ ပြန်ပြောလိုက်တာတဲ့” လို့ ရှင်းပြပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ် နှစ်ယောက်စလုံးဟာ ဆယ်ကျော်သက်အရွယ်သာရှိကြပြီးတော့ အလယ်တန်းကျောင်းသားတွေဖြစ်ကြတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ၅ ဦးဟာ ရှဒူးဇွပ်ကျေးရွာမှာ ဆေးကုသခံယူနေရတယ်လို့ ဆက်သိရပါတယ်။ ဝါရာဇွပ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းကနေ ဝါရာဇွပ်ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယနေ့အထိ နှစ်ဖက်တပ်အပြန်အလှန် စစ်ရေးတင်းမာမှုဖြစ်ပွားနေဆဲဖြစ်ပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး ဝါရာဇွပ်ကျေးရွာပြည်သူ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၃ လ ဝန်းကျင်ခန့် တောတွင်းနေရာတွေမှာ စစ်ဘးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကတည်းက တိုက်ပွဲတွေပြန်လည်ငြိမ်သက်သွားတဲ့အတွက် တောတွင်းနေရာတွေမှာ ခက်ခက်ခဲခဲ တိမ်းရှောင်နေကြတဲ့  ဒေသခံပြည်သူအများပိုင်းက ရွာထဲကို ပြန်လာနေထိုင်ကြတာဖြစ်ပါတယ်။

အခုလို ဒေသခံတွေ ပြန်လာနေထိုင်တဲ့ တစ်လကျော်ခန့်အကြာမှာပဲ နှစ်ဖက်စစ်တပ် ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီး ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်းလက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုရှိခဲ့တာဖြစ်ပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာအပါ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ၊ ဘန်ကောက် စတဲ့ ကျေးရွာအားလုံးကို ထိန်းချုပ်ထားတာဖြစ်ပြီး KIA တပ်တွေရှိနိုင်တဲ့ နေရာဘက်ကို နေ့တိုင်းလိုလို မီတာ ၁၀၀ အကွာအကနေ ကင်းထောက်ဒရုန်းတွေပျံဝဲစောင့်ကြည့်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ယခုရက်ပိုင်းအတွင်း ဝါဇွပ်ကျေးရွာနဲ့ ရှဒူးဇွပ်ကျေးရွာအထိ ကားလမ်းပိုင်းတစ်လျှောက်ကို စစ်အင်အားအလုံးအရင်းနဲ့ လုံးခြုံရေးတင်းကြပ်ထားတယ်လို့လည်း ဝါရာဇွပ်ဒေသခံပြည်သူတွေ ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်းမှာလည်း ပြည်သူ့စစ်အဖွဲ့က ဝါရာဇွပ်ကျေးရွာကို လေကြောင်းအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရသလို အရပ်သားသေဆုံးမှုလည်း ရှိခဲ့ပါတယ်။

March 24, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု...
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...
March 20, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ...