ချင်းတွင်းမြစ်အတိုင်း တက်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စု ကနီဘက်ရောက်ရှိ၊ ဟုမ္မလင်းဘက် ဦးတည်နေတယ်လို့ဆို

ချင်းတွင်းမြစ်အတိုင်း တက်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စု ကနီဘက်ရောက်ရှိ၊ ဟုမ္မလင်းဘက် ဦးတည်နေတယ်လို့ဆို

ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီ ရဲ့ စစ်သင်္ဘောအပါအဝင် ‌ရေယာဉ်အုပ်စုဟာ ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကနီမြို့နယ်ကို ရောက်ရှိနေပြီးတော့ ဟုမ္မလင်းဘက်ကို ဦးတည်နေတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

အထက်ပါရေယာဉ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က မုံရွာဘက်ကနေ ချင်းတွင်းမြစ်အတိုင်း တက်လာတဲ့အချိန် လမ်းတစ်လျှောက်က ကျေးရွာတွေကို လေကြောင်းကနေ ၁၃ ကြိမ်ထက်မနည်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ပြည်သူတွေက ထွက်ပြေးနေရလို့ ထိခိုက်မှုတွေတော့မသိရသေးဘူး။ လမ်းတလျောက် Y12 နဲ့ ၁၃ ကြိမ်ပစ်တယ်။ ဒီမနက်ကလည်း ကနီမြို့အရှေ့တောင်ဘက်ခြမ်းက ရွာတွေကို လေကြောင်းကနေ MI 35(တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်တာတွေလုပ်တယ်။”လို့ ကနီ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အဲဒီစစ်ရေယာဉ်အုပ်စုမှာ အမိုးအစိမ်းနဲ့ အုပ်ထားတဲ့ ကုန်တင်ရေယာဉ်တွေလည်းပါဝင်ပြီးတော့ စစ်လက်နက်ရိက္ခာတွေ လာရောက်ထောက်ပံမှုတွေ လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။

အခုချိန်မှာတော့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် ကနီမြို့နယ်က နတ်ပို၊ သပြေတော၊ အုန်းပင်ဆိပ်၊ အိုင်တောင်၊ မင်းအို၊ သရက်ပင်၊ ချိုင်၊ ဒင်ပေါက်၊ ဝက်ချောင်းကလေး၊ မုဌော၊ နတ်ကြီး၊ ငါးဖျက်၊ ပန်းဆိုင်း၊ ဝက်ချောင်းကြီးရွာတွေနဲ့ ဘုတလင်မြို့နယ်က စလွန်း၊ကွန်းခြံ၊လေးမြေ စတဲ့ ရွာခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့သိရပါတယ်။

June 25, 2026
အာဏာသိမ်းစစ်တပ်နဲ့ သတင်းပေးတာ၊ သတင်းယူတာအပြင် သူလျှို(ဒလန်)တွေ မပြုလုပ်ကြဖို့...
June 24, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်သင်ကြားနေတဲ့...
Photo Credit- Original Owner
June 23, 2026
ဖားကန့်ကျောက်စိမ်းတွင်ဒေသမှာ ရေကြီးရေလျှံမှုဒဏ်နဲ့ ကြုံတွေ့နေရပြီး ရေဘေးသင့်ပြည်သူတွေအပြင်...
June 22, 2026
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းတာတွေကြောင့် ဖားကန့်မြို့ပေါ်က...