မော်ချီးဒေသကို လေကြောင်းထပ်မံတိုက်ခိုက်ခဲ့၊ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ

မော်ချီးဒေသကို လေကြောင်းထပ်မံတိုက်ခိုက်ခဲ့၊ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့ မနက်(၁)နာရီမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ဆရာ ဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“မနက် (၁) နာရီမှာ ၂ လုံးပေါ့နော်။ နေအိမ်တစ်လုံးပျက်စီးတယ်။ လူ(၅) ဦးထိခိုက်တယ် အနည်းငယ်။” လို့ ဆရာဗညားက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်တစ်လုံးအပြင် ပြည်သူ (၅) ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ခဲ့သူ (၅) ဦးထဲမှာ အမျိုးသမီး (၄) ဦးနဲ့ အမျိုးသား(၁)ဦး ပါဝင်တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇူလိုင်လ(၁၄)ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာလည်း အဆိုပါ မော်ချီးဒေသရဲ့ လူနေထူထပ်ပြီး အရပ်သားရှိရာ နေရာကို ၂ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၅ ဦး ထက်မနည်း သေဆုံးခဲ့ကာ ၁၀ ဦး ထက်မနည်း ထိခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၄ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီက ဒီးမော့ဆိုအနောက်ဖက်ခြမ်းကို လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပါသေးတယ်။

တိုက်ပွဲ ဖြစ်ပွားခြင်း တစုံတရာမရှိတဲ့ မော်ချီးဒေသမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာဟာ လက်ရှိ အကြိမ် အပါအဝင် ၂၀၂၅ခုနှစ်အတွင်း (၉) ကြိမ်မြောက်ဖြစ်ပြီး ဇူလိုင်လ နှစ်ပတ် အတွင်း ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

May 23, 2026
စပါးစိုက်ပျိုးမှုနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့ ကရင်နီပြည်က ဒေသခံလူထုတွေက...
May 23, 2026
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်က လယ်စပါးခင်းတွေကို ခရု၊ ဂဏန်းနဲ့ ကြွက်တွေဖျက်ဆီးတာကြောင့်...
May 22, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ အုပ်စုနဲ့ စစ်ရှောင်စခန်းတချို့မှာ...
May 21, 2026
စိုက်ပျိုးရာသီရောက်လာပြီဖြစ်တာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကတောင်သူတွေဟာ...