မော်ချီးဒေသကို လေကြောင်းထပ်မံတိုက်ခိုက်ခဲ့၊ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ

မော်ချီးဒေသကို လေကြောင်းထပ်မံတိုက်ခိုက်ခဲ့၊ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့ မနက်(၁)နာရီမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ဆရာ ဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“မနက် (၁) နာရီမှာ ၂ လုံးပေါ့နော်။ နေအိမ်တစ်လုံးပျက်စီးတယ်။ လူ(၅) ဦးထိခိုက်တယ် အနည်းငယ်။” လို့ ဆရာဗညားက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်တစ်လုံးအပြင် ပြည်သူ (၅) ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ခဲ့သူ (၅) ဦးထဲမှာ အမျိုးသမီး (၄) ဦးနဲ့ အမျိုးသား(၁)ဦး ပါဝင်တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇူလိုင်လ(၁၄)ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာလည်း အဆိုပါ မော်ချီးဒေသရဲ့ လူနေထူထပ်ပြီး အရပ်သားရှိရာ နေရာကို ၂ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၅ ဦး ထက်မနည်း သေဆုံးခဲ့ကာ ၁၀ ဦး ထက်မနည်း ထိခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၄ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီက ဒီးမော့ဆိုအနောက်ဖက်ခြမ်းကို လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပါသေးတယ်။

တိုက်ပွဲ ဖြစ်ပွားခြင်း တစုံတရာမရှိတဲ့ မော်ချီးဒေသမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာဟာ လက်ရှိ အကြိမ် အပါအဝင် ၂၀၂၅ခုနှစ်အတွင်း (၉) ကြိမ်မြောက်ဖြစ်ပြီး ဇူလိုင်လ နှစ်ပတ် အတွင်း ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

January 17, 2026
ရှမ်းပြည်တောင်ပိုင်း- ကရင်နီပြည် နယ်စပ်က ကျေးရွာခံအချို့နဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့...
ဓါတ်ပုံ - ထွန်းမြန်မာဒိုနေးရှင်း
January 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က ကျေးရွာတနေရာအနီးအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကော်မရှင်တပ်က...
January 15, 2026
မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က လွိုင်ကော်မြို့ပြင်ဖက်ကို ယခုအပတ်အတွင်း...
January 14, 2026
စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ရင်း ကိုယ်လက်အင်္ဂါပေးဆပ်ထားရတဲ့ တော်လှန်ရေး ရဲဘော်တွေကို...