Published
Monday, July 14, 2025
စစ်ရေးကိစ္စကိုပဲ ဦးစားပေးနေရပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရတဲ့ကိစ္စအတွက် အရေးယူမှုအလွန်အားနည်း
- စစ်ကောင်စီရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်အပေါ် ယုံကြည်ဆွေးနွေးစရာမရှိဘူးလို့ NUG လက်အောက်က တော်လှန်ရေးအဖွဲ့တွေအပြင် မွန်တော်လှန်ရေးအဖွဲ့တွေက တုံ့ပြန်ပြောဆိုလာပါတယ်။
- တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ စစ်ရေးကိစ္စကိုပဲ ဦးစားပေးနေရပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရတဲ့ကိစ္စတွေအတွက် အရေးယူမှုလည်း အလွန်အားနည်းလာနေတယ်လို့ ဆိုကြပါတယ်။
- ကလိန်အောင်အခြေစိုက် ခလရ-၂၈၂ က စစ်ကြောင်းနှစ်ကြောင်း အခြေပြုထားတဲ့ သုခ မဆုတ်တမ်းခံစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က လှမ်းပစ်လာတဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၃ ယောက်က ပြတ်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြရပါတယ်။






