ချင်းတောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများစွာနဲ့ ကလေးဘက်ကို ပြန်ဆုတ်

ချင်းတောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများစွာနဲ့ ကလေးဘက်ကို ပြန်ဆုတ်

- ကလေးမြို့ကနေ ချင်းတောင်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က တစ်လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် အထိအခိုက်အကျအဆုံးများစွာနဲ့ ကလေးမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားပါတယ်။ 

- ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသမှာ CNO/CNDF နဲ့ CDF-Hualngoram တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ရိခေါဒါရ်မြို့နဲ့ အနီးပတ်ဝန်းကျင်ရွာက ဒေသခံပြည်သူ ၃,၀၀၀ ကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံနေကြရပါတယ်။

- ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား မတူကွဲပြားတဲ့ သဘောထားအမြင်တွေ၊ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။

July 18, 2026
- မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်းအတွက် ဘတ်ဂျက်သုံးစွဲမှု စံချိန်တင်ကာ...
July 20, 2026
- မုဒုံ-ဘုရားသုံးဆူလမ်းပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနစ်မြုပ်မှုတွေ...
July 18, 2026
- ကချင်ပြည်နယ် မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းနဲ့ ဆဒုံး- ကန်ပိုက်တီလမ်းပိုင်းတွေမှာ...
July 17, 2026
- အာဏာသိမ်းစစ်တပ်ဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု...