ကလေးမြို့နယ် တောထဲက စစ်ဘေးရှောင်တွေ အရေပြားရောဂါနဲ့ ရာသီတုပ်ကွေး အဖြစ်များနေကြတယ်လို့ သိရ

ကလေးမြို့နယ် တောထဲက စစ်ဘေးရှောင်တွေ အရေပြားရောဂါနဲ့ ရာသီတုပ်ကွေး အဖြစ်များနေကြတယ်လို့ သိရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေမှာ အရေပြားရောဂါနဲ့ ရာသီတုပ်ကွေး အဖြစ်များနေကြပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်း အခက်အခဲရှိသလိုနဲ့ ဆေးဝါးပြတ်လပ်တာတွေကြောင့်လည်း အခက်ခဲတချို့ရှိနေတယ်လို့ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးကို ကူညီနေတဲ့ People’s Healthcare Network (Kalay ) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

People’s Healthcare Network (Kalay ) ကတာဝန်ရှိသူတစ်ဦးက “အရေပြားရောဂါနဲ့ ရာသီတုပ်ကွေးတွေ အဖြစ်များနေပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ အဖြစ်များနေတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ တချို့ ဆေးဝါးတွေ ပြတ်လပ်နေတာကြောင့် အခက်ခဲတချို့ ရှိနေပါတယ်။ ရာသီတုပ်ကွေးကြောင့် သေဆုံးလူနာအထိတော့ ပြင်းထန်တာမျိုး မရှိသေးပါဘူး” လို့ ပြောပါတယ်။

ကလေးတောင်ပိုင်းက အရှေ့စည်း၊ တင်သား၊ ဒိုးနွယ်၊ ကုက္ကိုလ်၊ ရေရှင်၊ နွားရွာ၊ ကျော်ရွာ၊ ကြံသာ၊ ရှားဖို၊ အောင်ချမ်းသာ စတဲ့ ကျေးရွာတွေက စစ်ဘေးရှောင် ပြည်သူ အယောက် ၁၀၀ ကျော် နာမကျန်း ဖြစ်နေတာလို့လည်း သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် လေးနှစ်ကျော်အတွင်းမှာ ကလေးမြို့နယ်အတွင်းက ကျေးရွာ ၃၀ ကျော်ဟာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတာခံခဲ့ရပြီး နေစရာမရှိတော့ဘဲ တောတောင်တွေထဲ ဖြစ်သလို နေထိုင်ရတဲ့ စစ်ဘေးဒုက္ခသည် ၃၀,၀၀၀ ကျော်ရှိတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေ ပြောဆိုချက်အရ သိရပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...