ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး ဖမ်းဆီးရမိတဲ့ သုံ့ပန်းနဲ့ မိသားစုဝင်တွေကို အုပ်ချုပ်ရေးက စောင့်ရှောက်ထား

ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး ဖမ်းဆီးရမိတဲ့ သုံ့ပန်းနဲ့ မိသားစုဝင်တွေကို အုပ်ချုပ်ရေးက စောင့်ရှောက်ထား

ကရင်နီပြည်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၄ ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်နီတပ်ပေါင်းစုံက ဇူလိုင်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က ဖားဆောင်းမြို့နယ်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုဖြစ်တဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ ကို ဇွန်လ ၂၅ ရက်နေ့က စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ခလရ ၁၃၄ ကို ဇွန်လ ၃၀ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ခလရ ၁၃၄ ရှိ လက်နက်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို အုပ်ချုပ်ရေးအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အုပ်ချုပ်ရေးအဖွဲ့တွေက ထိန်းသိမ်းပြီးတော့ စီမံနေတယ်။ သူတို့ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ပြောလို့ရပါတယ်။ စစ်သုံ့ပန်းစာရင်းနဲ့ပတ်သက်တာတွေကိုတော့ အသေးစိတ် ပြီးကျမှ ပြန်ထုတ်ပြန်ပေးပါ့မယ်” လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

လက်ရှိမှာတော့ ဖားဆောင်မြို့မှာ ခလရ ၁၃၅ တပ်စခန်းတစ်ခုသာ ကျန်ရှိနေပြီး ဆက်လက်သိမ်းပိုက်ဖို့ ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ တာအယ်စိုးက ဆက်ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ FTC 2000G လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့လည်း တပ်ပေါင်းစုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ အဆိုပါလေယာဉ်က စက်ချွတ်ယွင်းမှုကြောင့် ဒါမှမဟုတ် ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျသွားတာလို့ ဆိုထားပါတယ်။

တော်လှန်‌ရေးတပ်ပေါင်းစုတွေက ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၄ ၊ ၁၃၅ တပ်စခန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ စတင်ဝင်ရောက် သိမ်းပိုက်ခဲ့ပေမဲ့ လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် အကြိမ်ကြိမ်အခါခါ တပ်ဆုတ်ခဲ့ရမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...