နောင်ချိုမြို့နယ် လေကြောင်းဗုံးထပ်ကြဲ အမျိုးသား ၃ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

နောင်ချိုမြို့နယ် လေကြောင်းဗုံးထပ်ကြဲ အမျိုးသား ၃ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

သျှမ်းပြည်၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၃ ဦးသေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( ဇူလိုင်လ ၁ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံးရေ ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

“မနေ့က (ဇူလိုင် ၂ ရက်) လက်နက်ကြီး၊ လက်နက်ငယ်တွေ အသံတွေကြားနေရတာ။ မနေ့က တိုက်ပွဲပြင်းထန်တယ်။ ညနေလောက်မှာတော့ လေကြောင်းတွေနဲ့ကော ပစ်တာ။ ဗုံးကြဲတာက သုံးဆယ်ရွာထဲကို ကြဲတာ ၃ ယောက်သေတယ်။” ဟု နောင်ချိုမြို့နယ်‌ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးဆယ်ကျေးရွာရှိ ပြည်သူနေအိမ် (၂) အိမ်နှင့် ဘုန်းကြီးကျောင်း (၂) ကျောင်းလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် နေပြည်တော်၌ ငြိမ်းချမ်းရေးဖိုရမ် စတင်ကျင်းပနေစဉ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အတွင်း TNLA ထိန်းချုပ်ထားနိုင်သည့် မိုးကုတ်မြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...