ညောင်တုန်းမြို့နယ် ကျေးရွာအချို့တွင် လုံခြုံရေးအကာအကွယ်ဖြင့် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေ

ညောင်တုန်းမြို့နယ် ကျေးရွာအချို့တွင် လုံခြုံရေးအကာအကွယ်ဖြင့် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကာအကွယ်ပေးမှုဖြင့် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာနေကြကြောင်း ညောင်းတုန်းဒေသခံများက ပြောသည်။

ဒေသတွင်း အာဏာပိုင်များကို လိုင်းကြေးပေး၍ လက်နက်ကိုင်ရဲနှင့် စစ်သားများ၏ လုံခြုံရေး စောင့်ကြပ်မှုဖြင့် ဒေသတွင်းလောင်းကစားလုပ်ဆောင်သူများက ဇာတ်ပွဲများငှားကာ လောင်းကစားဝိုင်း မျာကို ပြုလုပ်ကြခြင်းဖြစ်သည်ဟု ညောင်တုန်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဖဲဝိုင်း၊ ဂျောက်ဂျက်ဝိုင်း၊ အနီထောင်ဆိုပြီးတော့ အမျိုးမျိုးရှိတယ်။ အနီထောင်က နိုင်ရင်ဆတိုး ရတယ်လို့ ပြောကြတယ်။ တစ်‌နွေလုံးဇာတ်ပွဲတွေလုပ် လောင်းကစားဝိုင်းကို ၁၀ ဝိုင်း ၁၅ ဝိုင်းလောက်ထိ ထောင်ထားကြတယ်။ ဇာတ်ပွဲတွေမှာစစ်သားတွေရဲတွေကိုပိုက်ဆံပေးပြီး လုံခြုံရေး ယူထားကြတယ်။ လောင်းကစားကိုလည်း စီးပွားရေးပီပီလုပ်လာကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်ကာလများက လောင်းကစားဝိုင်းများကို ဒေသတွင်း အာဏာရှိရဲများကို လာဘ်ထိုး၍ ခိုးကြောင် ခိုးဝှက်သာ ပြုလုပ်နိုင်ခဲ့ကြသော်လည်း စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းဒေသတွင်း စစ်တပ် ထောက်ခံသူများက စစ်တပ်၊ ရဲ နှင့်ပူးပေါင်းပြီး ယခုလို လောင်းကစားဝိုင်းမျာကို ပေါ်ပေါ်ထင် ထင်ပြုလုပ်လာကြခြင်းဖြစ်သည်။

ယခုလို လောင်းကစားဝိုင်းများ ပေါများလာသောကြောင့် ဒေသတွင်း ဝါသနာရှင်များအပြင် ဒေသခံ ကျေးရွာသား များကပါ လိုက်ပါဆော့ကစားလာကြပြီး လောင်ကစားဒိုင်များကသာ အကျိုးပိုဖြစ် ထွန်းကာ ဒေသခံများမှာ တန်းဖိုးရှိ ပစ္စည်းများကို ပေါင်နှံဆော့ကစားသည်အထိ ရှိလာသည်ဟု ဒေသခံများက ဆိုသည်။

“ပိုင်ရှင်က ခုဆိုတိုက်နဲ့တာနဲ့ဖြစ်ကုန်ပြီ။ ဂျောက်ဂျက် (လောင်းကစား) ထိုးတဲ့သူတွေကတော့ ဖုန်းပေါင်၊ ဆိုင်ကယ်ပေါင်နဲ့ နိုင်တဲ့သူတွေက ရှားတယ်။ အဲ့လိုပေါင်ပြီးနောက်နေ့သွားရွေးရင် ၁၀ တိုး ၂၀တိုး ဆိုပြီး နေ့ပြန်တိုးနဲ့ ပြန်ရွေးရတယ်။ နိုင်ရင်လည်း ပြန်ဆက်ထိုးပြီးရှုံးသွားကြတာများတယ်။ သက်ဆိုင်ရာ လူကြီးတွေ ရဲတွေ၊ စစ်သားတွေ ကို ပိုက်ဆံပေးထားရတာမို့ အဖမ်းအဆီးလည်း မရှိဘူး။” ဟု ဖော်ပြပါ ဒေသခံက ဆက်ပြောသည်။

လောင်းကစားဝိုင်းထောင်ခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် ကျေးရွာများတွင် အဖိုးတန်အိမ်တွင်း ပစ္စည်းများပိုမိုပျောက်ဆုံးမှုများရှိလာသလို အထူးသဖြင့် ပိုက်ဆံ၊ ဖုန်း၊ ဆိုင်ကယ်၊ စက်အစရှိသည့် အဖိုး တန်ပစ္စည်းများခိုးခံရမှုအပြင် နေအိမ်ရှိ အဝတ်အစားများပါ ပျောက်ဆုံးမှုများ ပိုမိုအဖြစ်များလာကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ကျေးရွာအချို့မှာ ကျေးရွာသားများ၏ ဝိုင်းဝန်းကန့်ကွက် ပြောဆိုမှုကြောင့် အဆိုပါ လောင်း ကစားဝိုင်းများကိုဖျက်သိမ်းပြီး အခြားကျေး ရွာများသို့ ပြောင်းရွှေ့ လုပ်ကိုင်မှုများလည်းရှိသည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများကို ပေါ်ပေါ် ထင်ထင် လုပ်ဆောင်လာကြသလို တဖက်တွင် စစ်မှုထမ်း ဥပဒေကို ခေါင်းစဉ်တပ်ပြီး အုပ်ချုပ်ရေးမှူး များနှင့် အပေါင်းအပါများက အာဏာပြငွေကြေးအတင်းအဓမ္မ ကောက်ခံသည့် ဖြစ်စဉ်များလည်း ပိုများလာသည်ဒေသခံများက ပြောသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...