Published
Monday, June 23, 2025
MNDAA နဲ့ SSPP/SSA တို့ကြား နယ်မြေအငြင်းပွားမှု ပြေလည်မှုရရှိ
- ဖားကန့်မှာ စစ်ကောင်စီတပ်ဝင်ရောက်လာပြီးနောက် သေဆုံးသူ အရပ်သား ၂၀ ကျော်သွားပြီဖြစ်ပါတယ်။
- ကိုးကန့်တပ်မတော် MNDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ကြား နယ်မြေအငြင်းပွားမှု ပြေလည်သွားပြီလို့ ကိုးကန့်တပ်မတော်က ထုတ်ပြန်ပါတယ်။
- ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မှာ မြေရှားသတ္တုတူးဖော်မှု အလွန်များပြားလာနေပါတယ်။






