ဘီးလင်းမြို့နယ်အတွင်း လက်နက်ကြီးကျကွဲမှုကြောင့် အမျိုးသားတစ်ဦးသေ၊ ၄ ဦး ဒဏ်ရာရ

ဘီးလင်းမြို့နယ်အတွင်း လက်နက်ကြီးကျကွဲမှုကြောင့် အမျိုးသားတစ်ဦးသေ၊ ၄ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးကာ၊ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က စစ်ကောင်စီ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ – ၃ မှ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာဘက်ကို လက်နက်ကြီး ၃ ဖြင့် လုံးပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အလူးကျေးရွာနေ အသက် ၃၄ နှစ်အရွယ် စောငွေလာ သေဆုံးသွားခဲ့ပြီး၊ အသက် ၂၈ နှစ်အရွယ် စောအောင်ပိုပို၊ အသက် ၅၀ နှစ်အရွယ် စောချစ်ရွှေ၊ စောဝင်းကြည်၊ စောဂျစ်တူးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ဒဏ်ရာရတဲ့ ၄ ယောက်မှာ စောအောင်ပိုပိုနဲ့ စောချစ်ရွှေတို့က ဒဏ်ရာ ပြင်းထန်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၂ လုံးနှင့် မော်တော်ယာဉ် ၂ စီးလည်း ထိခိုက်ပျက်ဆီးသွားခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့အခြေစိုက် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ကျေးရွာအနီး တောင်ထန်းခြံအတွင်း ရှိနေသည့် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့သေးသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားပြည်သူများရှိသည့်နေရာကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဆက်တိုက်ပြုလုပ်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။

March 13, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (ကစယ်ဒိုးမြို့နယ်)၊ ထားဝယ်-မြိတ် အမှတ်(...
March 12, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာအတွင်း နှစ်ပေါင်း ၃၀ ကျော်...
March 11, 2026
မွန်ပြည်နယ် ဆားလုပ်ငန်း ယမန်နှစ်က ရာသီဥတုမတည်ငြိမ်မှုနှင့် လုပ်သားရှားပါးမှုပြဿနာများကြောင့်...
March 10, 2026
မွန်ပြည်နယ်တွင် စက်သုံးဆီဝယ်ယူမှုကို ယာဉ်အမျိုးအစားအလိုက်ကန့်သတ်ထားပြီး...