ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်

ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ တိုက်ပွဲများမှာလည်း တဖြည်းဖြည်း ကျောက်ဖြူမြို့နှင့် နီးကပ်လာ၍ စစ်ကောင်စီက မြို့ပေါ်လုံခြုံရေးကို ပိုမိုတင်းကျပ်လာနေကြောင်း သိရသည်။

စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လမ်းသွားလမ်းလာများကို ရှောင်တခင် စစ်ဆေးခြင်း၊ မြစ်ကမ်းအနီး ငါးဖမ်းမှုကို တားမြစ်ခြင်း၊ နေအိမ်များကို ပါဝင်ရောက်စစ်ဆေးမှုများကို လုပ်လာသည်ဟု မြို့ခံများက ဆိုသည်။

"ရခိုင်တိုက်ပွဲ စကတည်းက ကျောက်ဖြူမှာ လုံခြုံရေးတင်းကျပ်ထားတယ်ဆိုပေမယ့် နောက်ပိုင်းမှာ နားလည်မှုနဲ့ ဖြေလျော့ပေးတာတွေ ရှိတယ်။ အခု ပြန်ပြီး တင်းကျပ်လာတယ်။ ချောင်းနား၊ မြစ် နားမှာ ငါးရှာတဲ့လူတွေကို သွားခွင့် မပေးတော့ဘူး။ ပြီးတော့ ညဘက် နေအိမ်တွေကို ဝင်ရောက် စစ်ဆေးတာတွေ၊ လမ်းသွားလမ်းလာတွေကို မထင်ရင် မထင်သလို စစ်ဆေးမေးမြန်းတာတွေ ရှိလာတယ်" ဟု ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နှင့် အဖြောင့် ၄ မိုင်ကျော်အကွာရှိ အမှတ် (၃၂) ရဲတပ်ရင်းကို အာရက္ခတပ်တော်က ဇွန်လအစောပိုင်းမှ စ၍ ထိုးစစ်ဆင်နေပြီး တိုက်ပွဲကြောင့် စစ်ကောင်စီက မြို့ပေါ်လုံခြုံရေးကို အထူးဂရုစိုက်လာခြင်း ဖြစ်သည်။

ရခိုင်မြို့သိမ်းတိုက်ပွဲ စတင်ချိန်မှစ၍ စစ်ကောင်စီက ကျောက်ဖြူမြို့ အဝင်/အထွက်နှင့် ကုန်းလမ်း၊ ရေလမ်းခရီးသွားလာခွင့်ကို ပိတ်ဆို့ထားခြင်းဖြစ်သည်။

လက်ရှိ တိုက်ပွဲများနှင့်အတူ မြို့ပေါ်လုံခြုံရေးကို စစ်ကောင်စီ ပိုတင်းကျပ်လိုက်သဖြင့် မြို့ခံများမှာ စားဝတ်ရေးကျပ်တည်းမှုအပြင် လုံခြုံရေးကိုပါ စိုးရိမ်နေကြသည်။

"ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေက နီးသထက်နီးလာတယ်။ ဗုံးကြဲလေယာဉ်တွေကလည်း ခေါင်းပေါ် မှာ နေ့တိုင်းလိုလို ပျံနေတယ်။ ဒီကြားထဲ မထင်ရင်မထင်သလို စစ်ဆေးမေးမြန်းတာတွေ ခံရတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့ကြားထဲ ဘယ်နေ့၊ ဘာဖြစ်လာမလဲဆိုတဲ့အတွေးနဲ့ နေ့တိုင်း စိုးရိမ်သောက ဝင်နေရတယ်" ဟု နောက်ထပ် ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်ခဲ့သည့် ကျောက်ဖြူကျောက်ပွဲများသည် လက်ရှိတွင် ၃ လကျော် ကြာမြင့်လာနေပြီး အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များသည် မြို့နှင့် ၆ မိုင်အနီးထိ သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။

လက်ရှိ တိုက်ပွဲများမြို့အနီးကပ်လာနေ၍ မြို့ခံအချို့မှာ ရန်ကုန်နှင့် အခြားဒေသများသို့ ထွက်ခွာမှုရှိနေပြီး ဌာနဆိုင်ရာဝန်ထမ်းအချို့မှာလည်း ရွှေ့ပြောင်းခွင့်တင်၍ ပြည်မဘက်သို့ ထွက်ခွာရန် ကြိုးပမ်းနေကြကြောင်း သိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...