KNU တပ်မဟာ (၇) ဌာနချုပ်နယ်မြေအတွင်း အသေခံဒရုန်း ၅ လုံး ကြဲချတိုက်ခိုက်ခံရ

KNU တပ်မဟာ (၇) ဌာနချုပ်နယ်မြေအတွင်း အသေခံဒရုန်း ၅ လုံး ကြဲချတိုက်ခိုက်ခံရ

KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇)၊ ဌာနချုပ်တည်ရှိသည့် နယ်မြေအတွင်း ယနေ့ ဇွန်လ ၁၂ ရက်နေ့၊ မနက် ၁ နာရီနောက်ပိုင်းတွင် အသေခံ (ကာမီကာဇီ) ဒရုန်းအမျိုးအစား ၅ လုံးဖြင့် ထပ်မံကြဲချတိုက်ခိုက်ခံရကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။

ယနေ့ မနက် ၁ နာရီ ၁ မိနစ်တွင် ကာမီကာဇီဒရုန်းဗုံး တစ်လုံး၊ ၂ နာရီ မှ ၄ နာရီကြားတွင် လေးလုံး၊ တပ်မဟာ (၇) ဌာနချုပ်နယ်မြေ ကလို့ယော်လေးဝန်းကျင်တွင် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း KNU နှင့် နယ်မြေတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက “ကျတာကတော့ တပ်မဟာအနီးအနားပဲ၊ ၁ နာရီခွဲလောက်မှာနဲ့ ၂ နာရီလောက်မှာလည်း ကျတယ်၊ စုစုပေါင်း ၅ လုံး၊ တစ်လုံးကတော့ ပေါက်မသွားဘူး“ ဟု ကေအိုင်စီကို ယနေ့မနက်ပိုင်းက အတည်ပြုသည်။

ဒရုန်းများ ကျရောက်ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးမှုအပေါ် ကေအိုင်စီအနေဖြင့် ဆက်လက်အတည်ပြုလျက်ရှိသည်။

KNLA နှင့်ပူးပေါင်းတပ်များက ပြီးခဲ့သည့် မတ်လ မှ မေလအတွင်း တပ်မဟာ (၇) နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ် ဒေါနတောင်တစ်ကြောရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးနောက် ဌာနချုပ်နေရာသို့ ယခုတစ်ကြိမ် ဒရုန်းပစ်ခတ်တိုက်ခိုက်ခံရမှုက ယခင်ကထက် အလုံးရေ ပိုများလာသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလပိုင်းက KNLA ဗဟိုဌာနချုပ်နေရာသို့ ကာမီကာဇီဒရုန်း ၄ လုံး၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက တပ်မဟာ (၇) ဌာနချုပ်နယ်မြေ ကလို့ယော်လေးတွင် ၂ လုံးနှင့် မတ်လပိုင်းက ထိုနေရာ၌ပင် နောက်ထပ် ဒရုန်း ၃ လုံး ကြဲချတိုက်ခိုက်ခံရသေးသည်။

Most read this week

ဓါတ်ပုံ - KNWO
January 30, 2026
စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး...
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...
ဓါတ်ပုံ-ဒေသခံ
January 27, 2026
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ်က ကျေးရွာတွေမှာ ၁၅ နှစ်အောက် ကလေးငယ်တွေ အရေပြားရောဂါ...