KNU တပ်မဟာ (၇) ဌာနချုပ်နယ်မြေအတွင်း အသေခံဒရုန်း ၅ လုံး ကြဲချတိုက်ခိုက်ခံရ

KNU တပ်မဟာ (၇) ဌာနချုပ်နယ်မြေအတွင်း အသေခံဒရုန်း ၅ လုံး ကြဲချတိုက်ခိုက်ခံရ

KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇)၊ ဌာနချုပ်တည်ရှိသည့် နယ်မြေအတွင်း ယနေ့ ဇွန်လ ၁၂ ရက်နေ့၊ မနက် ၁ နာရီနောက်ပိုင်းတွင် အသေခံ (ကာမီကာဇီ) ဒရုန်းအမျိုးအစား ၅ လုံးဖြင့် ထပ်မံကြဲချတိုက်ခိုက်ခံရကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။

ယနေ့ မနက် ၁ နာရီ ၁ မိနစ်တွင် ကာမီကာဇီဒရုန်းဗုံး တစ်လုံး၊ ၂ နာရီ မှ ၄ နာရီကြားတွင် လေးလုံး၊ တပ်မဟာ (၇) ဌာနချုပ်နယ်မြေ ကလို့ယော်လေးဝန်းကျင်တွင် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း KNU နှင့် နယ်မြေတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက “ကျတာကတော့ တပ်မဟာအနီးအနားပဲ၊ ၁ နာရီခွဲလောက်မှာနဲ့ ၂ နာရီလောက်မှာလည်း ကျတယ်၊ စုစုပေါင်း ၅ လုံး၊ တစ်လုံးကတော့ ပေါက်မသွားဘူး“ ဟု ကေအိုင်စီကို ယနေ့မနက်ပိုင်းက အတည်ပြုသည်။

ဒရုန်းများ ကျရောက်ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးမှုအပေါ် ကေအိုင်စီအနေဖြင့် ဆက်လက်အတည်ပြုလျက်ရှိသည်။

KNLA နှင့်ပူးပေါင်းတပ်များက ပြီးခဲ့သည့် မတ်လ မှ မေလအတွင်း တပ်မဟာ (၇) နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ် ဒေါနတောင်တစ်ကြောရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးနောက် ဌာနချုပ်နေရာသို့ ယခုတစ်ကြိမ် ဒရုန်းပစ်ခတ်တိုက်ခိုက်ခံရမှုက ယခင်ကထက် အလုံးရေ ပိုများလာသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလပိုင်းက KNLA ဗဟိုဌာနချုပ်နေရာသို့ ကာမီကာဇီဒရုန်း ၄ လုံး၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက တပ်မဟာ (၇) ဌာနချုပ်နယ်မြေ ကလို့ယော်လေးတွင် ၂ လုံးနှင့် မတ်လပိုင်းက ထိုနေရာ၌ပင် နောက်ထပ် ဒရုန်း ၃ လုံး ကြဲချတိုက်ခိုက်ခံရသေးသည်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...