KNU တပ်မဟာ (၇) ဌာနချုပ်နယ်မြေအတွင်း အသေခံဒရုန်း ၅ လုံး ကြဲချတိုက်ခိုက်ခံရ

KNU တပ်မဟာ (၇) ဌာနချုပ်နယ်မြေအတွင်း အသေခံဒရုန်း ၅ လုံး ကြဲချတိုက်ခိုက်ခံရ

KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇)၊ ဌာနချုပ်တည်ရှိသည့် နယ်မြေအတွင်း ယနေ့ ဇွန်လ ၁၂ ရက်နေ့၊ မနက် ၁ နာရီနောက်ပိုင်းတွင် အသေခံ (ကာမီကာဇီ) ဒရုန်းအမျိုးအစား ၅ လုံးဖြင့် ထပ်မံကြဲချတိုက်ခိုက်ခံရကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။

ယနေ့ မနက် ၁ နာရီ ၁ မိနစ်တွင် ကာမီကာဇီဒရုန်းဗုံး တစ်လုံး၊ ၂ နာရီ မှ ၄ နာရီကြားတွင် လေးလုံး၊ တပ်မဟာ (၇) ဌာနချုပ်နယ်မြေ ကလို့ယော်လေးဝန်းကျင်တွင် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း KNU နှင့် နယ်မြေတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက “ကျတာကတော့ တပ်မဟာအနီးအနားပဲ၊ ၁ နာရီခွဲလောက်မှာနဲ့ ၂ နာရီလောက်မှာလည်း ကျတယ်၊ စုစုပေါင်း ၅ လုံး၊ တစ်လုံးကတော့ ပေါက်မသွားဘူး“ ဟု ကေအိုင်စီကို ယနေ့မနက်ပိုင်းက အတည်ပြုသည်။

ဒရုန်းများ ကျရောက်ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးမှုအပေါ် ကေအိုင်စီအနေဖြင့် ဆက်လက်အတည်ပြုလျက်ရှိသည်။

KNLA နှင့်ပူးပေါင်းတပ်များက ပြီးခဲ့သည့် မတ်လ မှ မေလအတွင်း တပ်မဟာ (၇) နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ် ဒေါနတောင်တစ်ကြောရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးနောက် ဌာနချုပ်နေရာသို့ ယခုတစ်ကြိမ် ဒရုန်းပစ်ခတ်တိုက်ခိုက်ခံရမှုက ယခင်ကထက် အလုံးရေ ပိုများလာသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလပိုင်းက KNLA ဗဟိုဌာနချုပ်နေရာသို့ ကာမီကာဇီဒရုန်း ၄ လုံး၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက တပ်မဟာ (၇) ဌာနချုပ်နယ်မြေ ကလို့ယော်လေးတွင် ၂ လုံးနှင့် မတ်လပိုင်းက ထိုနေရာ၌ပင် နောက်ထပ် ဒရုန်း ၃ လုံး ကြဲချတိုက်ခိုက်ခံရသေးသည်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...