ပုလဲတွင် ပစ်ခတ်ခံရသည့် ဂျက်ဖိုက်တာမှ လေယာဥ်မှူး သေဆုံး

ပုလဲတွင် ပစ်ခတ်ခံရသည့် ဂျက်ဖိုက်တာမှ လေယာဥ်မှူး သေဆုံး
ပျက်ကျသွားသည့် လေယာဉ်အတွင်းမှ ပေါက်ကွဲထွက်လာသည့် လေယာဉ်မှူး၏ ဦးခေါင်းခွံကို တွေ့ရစဉ်။ (ရုပ်သဖိုင်မှ)
ပျက်ကျသွားသည့် လေယာဉ်အတွင်းမှ ပေါက်ကွဲထွက်လာသည့် လေယာဉ်မှူး၏ ဦးခေါင်းခွံကို တွေ့ရစဉ်။ (ရုပ်သဖိုင်မှ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့၏ ပစ်ချခံလိုက်ရသည့် ဂျက်ဖိုက်တာမှ လေယာဥ်မှူး သေဆုံးသွားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်ထက်က ပြောသည်။

အဆိုပါလေယာဥ်သည် ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲသို့ လေကြောင်းပစ်ကူ လာရောက်ခြင်းဖြစ်ပြီး ပုလဲမြို့နယ်၊ ကျေးရွာတရွာရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ပျက်ကျ မီးလောင်သွားကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပွိုင့်ဖိုက်သေနတ်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ကိုဇော်ထက်က ပြောသည်။

“လေယာဉ် ပျက်ကျတဲ့နေရာမှာ ပေါက်ကွဲပြီး ထွက်လာတဲ့ ပိုင်းလော့ဆောင်း ဦးထုတ်တလုံးတွေ့တယ်။ ဦးခေါင်းခွံတခုတွေ့တယ်။ သေချာတာကတော့ ပိုင်းလော့လည်း တယောက်မှ မရှင်ဘူး“ ဟု ၎င်းကပြောသည်။

လေယာဉ်ပျက်ကျ မီးလောင်သည့် နေရာမှ ပေါက်ကွဲပြီး ထွက်လာသည့် ပစ္စည်းနှင့် ခန္ဒာကိုယ်အစိတ်အပိုင်းများ အရ လေယာဉ်မှူးများ သေဆုံးရသည်ဟု ယူဆရပြီး လေယာဉ်ပျက်ကျသည့် ကျေးရွာ နာမည်ကို လုံခြုံရေးအရ ထုတ်ဖော်ပြောဆို နိုင်ခြင်း မရှိသေးကြောင်း ကိုဇော်ထက်က ဆိုသည်။

“တံတားဦးက တက်လာတဲ့ သုံးစင်းမြောက် ဂျက်ဖိုက်တာကို PLA က ပစ်ချလိုက်နိုင်တာ။ ခန့်မှန်းအချိန်က ၁၂ နာရီ ၂၀ လောက်ဖြစ်မယ်။ ဖြစ်တဲ့နေရာက ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေတာ ရှစ် ရက်လောက်ရှိပြီ။ စခန်းကတော့ မရသေးဘူး။ စခန်းကို ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီဆိုတော့ မကြာခင်ရတော့မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိလည်း တိုက်ပွဲပြင်းထန်နေဆဲပဲ။ ဒီတမနက်လုံး လေကြောင်းကနေ လာကြဲနေတာ” ဟု မြေပြင်ရှိ PLA တပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

ပျက်ကျသွားသည့် လေယာဉ်သည် အရှိန်ဟုန်ပြင်းပြင်နဲ့ မီးလောင်ကျွမ်းနေကာ ပေါက်ကွဲမှုများလည်း ရှိနေကြောင်း ၊ နောက်ထပ် လေကြောင်းရန် ရှိနိုင်သည့်အတွက် အခင်းဖြစ်ပွားရာနေရာမှ ခေတ္တ ဆုတ်ခွာပေးထားရကြောင်း ပုလဲမြို့နယ် (ပအဖ) အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ များက ယခုလ အစောပိုင်းကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ အချိန်အထိ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ကလည်း လေကြောင်း ပစ်ကူများ အသုံပြု ခုခံနေခြင်းဖြစ်သည်။

Most read this week

January 31, 2026
Powerful explosions from 500-pound bombs dropped by Myanmar military jet fighters shook the Thai...
ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် တီးတိန်နှင့် ဟားခါးမြို့မှ အပ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နယ်ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်း တိုးမြှင့် လိုက်ခြင်းသည် ၎င်းတို့၏ အုပ်ချုပ်ရေးပြိုလဲနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီအထွေထွေအတွင်း ရေးမှူးကပြောဆိုသည်။(Chinland Information Center)
January 31, 2026
ပါခွီး — ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားပြိုလဲနေခြင်းကြောင့်...
January 30, 2026
မြို့နယ် ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားမှု သက်တမ်းထပ်တိုးပြီး ယာယီသမ္မတဟုဆိုသည့်...
ဓာတ်ပုံ- လွှတ်တော်တက်လာသည့် တပ်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တွေ့ရစဉ် ။ (ROMEO GACAD / AFP)
January 29, 2026
ဂျူချန်း — စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု...